Bugatti ကားဟာ ဈေးကြီးလွန်းတဲ့ ဇိပ်ခံပြိုင်ကားအမျိုးအစားဖြစ်ပြီး ဒေါ်လာ ၂.၆ သန်းတန်ပါတယ်။ ဒီလိုကားမျိုးကို များသောအားဖြင့် ရုပ်ရှင်တွေထဲမှာပဲ တွေ့ရတတ်ပြီး နေ့စဉ်လမ်းမပေါ်မှာ မောင်းနေတဲ့ ကားတွေထဲမှာတော့ တွေ့ရဖို့ ခဲယဉ်းပါတယ်။
Bugatti Chiron ကားအသစ်စက်စက်ကို စက်ရုံကနေ DHL နဲ့ တင်ပို့ခဲ့ပြီးနောက် သြဂုတ်လ ၇ ရက်နေ့က မြောက်အမေရိကမှာရှိတဲ့ ပထမဦးဆုံး ဝယ်ယူသူဆီကို ပေးပို့ဖို့ ကားရောင်းချတဲ့ ကုမ္ပဏီကိုရောက်လာတာဖြစ်ပါတယ်။ စက်ရုံထုတ် Bugatti Chiron ကားအသစ်စက်စက်ကို YouTuber တစ်ဦးဖြစ်တဲ့ James, a.k.a က ပရိသတ်နဲ့ ဗီဒီယို ရိုက်ကူးပြီး မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။
ဒီကားကို James ရဲ့ မိတ်ဆွေဖြစ်သူက ဝယ်ယူထားတဲ့ ပိုင်ရှင်ဆီကို ကားမောင်း ပို့ပေးရမှာဖြစ်ပါတယ်။ Bugatti Chiron ကားရဲ့ အတွင်းအပြင်ပိုင်းကို ဘယ်လောက်သားနာတယ်ဆိုတာ ကြည့်ကြည့်လိုက်ရအောင်။