1. Home
  2. Good Morning Myanmar

ရန်ကုန်မြို့တွင်းမှာ အငှားယာဉ်စီးနင်းသူဦးရေ လျော့ကျလာ

Good Morning Myanmar ส.ค. 23, 2560 view 1,609

ရန်ကုန်မြို့တွင်းမှာ ပြေးဆွဲနေတဲ့ အငှားယာဉ်တွေကို ငှားစီးတဲ့ ခရီးသည်ဦးရေဟာ ပြီးခဲ့တဲ့ ဇူလိုင်လထဲက လျော့နည်းသွားတယ်လို့ ရန်ကုန်မြို့တွင်း အငှားယာဉ်မောင်းတွေထံမှ သိရပါတယ်။ ရန်ကုန်မြို့တွင်းမှာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှ စတင်ကာ ကားငှားစီးသူ ခရီးသည်တွေလျော့နည်းသွားတယ်လို့ အငှားယာဉ်မောင်း မောင်းနှင်တဲ့ ယာဉ်မောင်းတွေထံမှ သိရပါတယ်။

ဒီလို အငှားယာဉ်စီးနင်းမှုလျော့ကျလာရတာဟာ ရန်ကုန်မြို့တွင်းမှာ YBS ယာဉ်လိုင်း များမှာ Aircon ဘတ်စ်ကားအစီးရေ များပြားလာတာတွေ၊အရင်ကထက် ယာဉ်ကြောပိုကြပ်တည်း လာတာတွေကြောင့် ရန်ကုန်မြို့တွင်းမှာ ပြေးဆွဲနေတဲ့ အငှားယာဉ်မောင်းတွေအနေနဲ့ ငှားစီးမယ့် ခရီးသည်တွေ နည်းပါးလာပြီး ဇူလိုင်လထဲက စတင်ကာ ၀င်ငွေရရှိမှုနည်းပါးလာတယ်လို့ အငှားယာဉ်မောင်းတွေထံမှ သိရပါတယ်။

ခရီးသွားပြည်သူတွေကလည်း ရန်ကုန်မြို့တွင်းမှာ ယာဉ်ကြောတွေ ပိတ်ဆို့တဲ့ အတွက် ဘတ်စ်ကားနဲ့အငှားယာဉ်တွေဟာ အချိန်ကြာမြင့်ချိန်တူညီတာကြောင့် ငွေကြေးအကုန်အကျ မခံတော့ဘဲ အငှားယာဉ်ထက်ဘတ်စ်ကားကို ပိုစီးဖြစ်လာတာဖြစ်တယ်လို့ ခရီးသည်တစ်ချို့က ပြောပါတယ်။လက်ရှိရန်ကုန်မြို့တွင်းမှာ ပြေးဆွဲနေတဲ့ တက္ကစီအရေအတွက်ဟာ (၃)သိန်းကျော် ရှိတယ်လို့သိရပါတယ်။



Follow us on