1. Home
  2. Special or Others

ခင်ပွန်းဟောင်းအပေါ် မာနထားပြီး ရှော့ပင်းမောလ်ထဲ အဝတ်အစားများ ချွတ်ချခဲ့သူ (ရုပ်သံ)

Special or Others ส.ค. 23, 2560 view 1,639

တရုပ်နိုင်ငံက အမျိုးသမီးတစ်ဦးဟာ ရှော့ပင်းမောလ် တစ်ခုတွင် သူမ၏ ခင်ပွန်းဟောင်းနှင့် မထင်မှတ်ပဲ ဆုံခဲ့ပြီးနောက် ခင်ပွန်းဟောင်း၏ ပြောဆိုမှုများကို သီးမခံနိုင်သည့်အဆုံး ဝတ်ထားသော အဝတ်အစားများကို လူပုံလည်တွင် ချွတ်ချကာ ထွက်ခွာသွားသည့် ဗီဒီယို အွန်လိုင်းတွင် ပျံ့နှံ့ခဲ့သည်။

မျက်မြင်သက်သေများ၏ အဆိုအရ အမျိုးသမီးနှင့် ခင်ပွန်းဟောင်းဖြစ်သူတို့ ရှော့ပင်းမောလ်ထဲမှာ ရုတ်တရက်တွေ့ဆုံမိစဉ် ခင်ပွန်းဟောင်းက “နင်ကိုင်ထားတဲ့ ဟန်းဖုန်း၊ နင်ဝတ်ထားတဲ့ ဟာတွေအားလုံး ငါ့ပိုက်ဆံနဲ့ ဝယ်ထားပေးတာချည်းပဲ” ဟု ပြောကာ အမျိုးသမီး၏ ပါးကို ရိုက်နှက်ခဲ့သည်။


အမျိုးသမီးလည်း မခံမရပ်နိုင်ဖြစ်ကာ ဒီလောက်တောင် ဖြစ်လှတာဆိုပြီး ဟန်းဖုန်းကို ကြမ်းပြင်ပေါ် လွှင့်ပစ်ပြီး သူမဝတ်ထားတဲ့ အဝတ်အစားတွေ အားလုံး အတွင်းခံတွေပါမချန် ရှော့ပင်းမော အလယ်မှာ ချွတ်ချခဲ့ပါတယ်။


အတွင်းခံတွေ ချွတ်ချတော့မယ့်အချိန်မှာ ခင်ပွန်းဟောင်းက အတင်းတားပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အဲဒီနောက် အမျိုးသမီးဟာ ဓါတ်လှေကားစီးဖို့ ကိုယ်လုံးတီးနဲ့ စောင်နေခဲ့တာကို တွေ့မြင်ခဲ့ကြရပါတယ်။


အဆိုပါ အဖြစ်အပျက်ဟာ ဂျောင်ဆူးပြည်နယ်မှာရှိတဲ့ ဝူဇီမြို့က ရှောပင်းမောလ်တစ်ခုမှာ ဖြစ်ပျက်ခဲ့ခြင်းဖြစ်ပါတယ်။
 



Follow us on