1. Home
  2. Myanmar News

YBS ဘတ်စ်ကားပေါ် တုတ်ကိုင်ခြိမ်းခြောက် ငွေတောင်းယူမှုဖြစ်ပွား(ရုပ်သံ)

Myanmar News ส.ค. 23, 2560 view 1,701

သြဂုတ်လ ၂၁ ရက်နေ့ ညနေပိုင်းက လှိုင်သာယာ မီးခွက်ဈေးအနီးတွင် YBS ယာဉ်လိုင်းအမှတ် ၂၀ ပေါ်သို့ လူနှစ်ဦး တုတ်ကိုင်လျှက် ခြိမ်းခြောက်ကာ ငွေတောင်းယူမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

 

ဗီဒီယိုထဲတွင် လူနှစ်ဦးတက်လာပြီး (တစ်ဦးမှာ တုတ်ကိုင်လျှက်၊ တစ်ဦးမှာ အင်္ကျီချွတ် တက်တူးများနှင့်) ပိုက်ဆံတောင်းသည်။ ယာဉ်မောင်းက ပိုက်ဆံမကိုင်ရကြောင်း ပြောသည့်အခါ ယာဉ်စီးခမပေးပဲ ယာဉ်မောင်းအား မောင်းနှင်ခိုင်းပြီး ယာဉ်မောင်း၏ နံဘေးတွင် မတ်တပ်ရပ်လျှက် ဆဲဆိုကြိမ်းမောင်းခြင်းများ ပြုလုပ်ခဲ့သည်။ ကားမှတ်တိုင်များတွင်လည်း အပေါ်မှ မဖယ်ပဲ ခရီးသည်များအား ခပ်ကြမ်းကြမ်း ဆွဲတင်ခြင်းတို့ကို ပြုမူခဲ့ကြောင်း တွေ့ရှိရသည်။
 


YBS ၂၀ ယာဉ်လိုင်းမှ တာဝန်ရှိသူများက အဆိုပါဖြစ်စဉ်အား ဗီဒီယိုဖိုင်နှင့်တစ်ကွ ပေးပို့တိုင်ကြားခဲ့ပြီး YRTA သို့လည်း အကြောင်းကြားထားခဲ့ကြောင်း သိရှိရသည်။ သို့တိုင် လက်နက်ကိုင်ဆောင်ကာ ဓါးပြဆန်ဆန် ပြုမှုသွားသူများအား ဖမ်းဆီးဖော်ထုတ်နိုင်ခြင်း မရှိသေးသည့်အတွက် ခရီးသွားလုပ်သားပြည်သူများ အလားတူဖြစ်ရပ်မျိုးနှင့် ထပ်မံကြုံတွေကာ လုံခြုံရေးကို ထိခိုက်စေနိုင်ပါသောကြောင့် ထိထိရောက်ရောက် အရေးယူပေးပါရန် ထိုက်တွန်းထားကြောင်း YBS ၂၀ ၏ သတင်းစာမျက်နှာတွင် ဖော်ပြထားသည်။

သတင်းရင်းမြစ်-YBS 20 New Page
 



Follow us on