1. Home
  2. Movie Stars - Celebrity

အဆိုတော် လင်းနစ် ပြောတဲ့ fB မှာ အလွယ်တကူ Attention ယူတဲ့နည်းတွေ

Movie Stars - Celebrity ส.ค. 23, 2560 view 1,630

အဆိုတော် လင်းနစ်ဟာ အနုပညာ အလုပ်တွေကနေ အလှန်းဝေးနေပေမယ်သူနဲ့ ပတ်သတ်တဲ့ သီချင်းလေးတွေကိုတော့ ပရိတ်သတ်ကြီး အမှတ်ရအုံးမယ် ထင်ပါတယ်  ။ ဒီတခေါက်မှာလဲ လင်းနစ်က fb မှာနာမည် အမြန်ကြိးအောင် လုပ်နည်းဆိုပြီး ဟာသလေးနဲ့ ပြောထားပါသေးတယ် ။

့  မိန်းကလေးအတွက်ကတော့ Taxi ဓာတ်ပုံတစ်ပုံရရင်ကို အဆင်ပြေပါတယ် Taxi သမားက ညစ်ညမ်းရုပ်ရှင်ပြပါတယ်တို့ မဖွယ်မရာ လုပ်ပြပါတယ်တို့ အစရှိသဖြင့်ရေးပါ သူ့ဘာသာ ယားလို့ကုတ်တာ ဖြစ်နိုင်သလို အပျင်းပြေဒူးနန့်နေရင်လည်း ကားကလှုပ်နေနိုင်ပါတယ် 
ဒါပေမယ့် ဒါကအဓိကမဟုတ်ပါဘူး အဓိကက ကိုယ်မသင်္ကာတာနဲ့ ဓာတ်ပုံရိုက်ပြီးသာ Facebook ဦးအောင်တင်ပါ သတိထားနော် Sis ကြောက်စရာကြီး ယုတ်မာလိုက်တာနဲ့ အစရှိသဖြင့် ခင်ဗျားလေးကိုဝန်းရံလာကြပါလိမ့်မယ် အရေးအသား အဖွဲ့အနွဲ့ကောင်းရင် ကောင်းသလို ပေါက်ပါလိမ့်မယ်

(အားလုံးကို တစ်ကယ်မဖြစ်ခဲ့ဘူးလို့ မဆိုလိုပါဘူး တစ်ယောက်၂ယောက် တစ်ကယ်ဖြစ်ဖူးတာနဲ့ ပုံစံတူတွေလိုက်ရေး လိုက်လုပ်နေကြတော့ နည်းနည်းတော့များတယ် အောမေတို့ရာ လို့ပဲပြောချင်ပါတယ် အဲ့လိုလုပ်တာဟာ Taxi သမားအများစုအတွက် ဒုက္ခရောက်စေသလို ခဏခဏဆိုတော့ တစ်ကယ်ခံရတဲ့သူတွေကပြောပြရင်တောင် လူတွေကရယ်စရာထင်သွားနိုင်တာမို့ တစ်ကယ်မသေချာပဲ တစ်ကယ်မဟုတ်ပဲ လုတ်ဇာတ်တွေနဲ့ Attention မယူစေချင်ဘူး )

ယောကျာ်းလေးကြ နည်းနည်းတော့ အလုပ်ရှုပ်ပါတယ် 
အီကြာပြားအကောင့်တစ်ခုလိုပါတယ် ဟုတ်ပါတယ် မိန်းလေးအကောင့်တု တစ်ခုဖွင့်ပြီး ကိုယ့်ဘာသာ ကိုယ်ပြန်ကြူတဲ့အကွက်မျိုး အတင်းစနှိုက်တဲ့ပုံစံဖြစ်အောင်ချက်ပြပါ ပြီးရင် SS ရိုက်ပြီး ကိုယ်အကောင့်မှာတင်ပါ သိပ်ရုပ်မပေါက်ချင်ရင်တော့ စော်ကိုပြလိုက်ပါ ခင်ဗျားစော်ငပိန်းက ခင်ဗျားကိုမဟာမဟာ့သစ္စာရှင်ကြီးအထင်နဲ့ FB တင်ပါလိမ့်မယ် ခင်ဗျားစော်နဲ့ ဉာဏ်ရည်တူတွေက သူတို့ဘဲတွေ mention ခေါ်ကြ ထပ် Share ကြပါလုပ်ပါလိမ့်မယ် နောက်ကွယ်မှာ ခင်ဗျားဘာသာခင်ဗျာ ဘယ်နှစ်ကောင့်ဖွင့်ကြူကြူ FB မဟုတ်တဲ့ တစ်ခြားဘာ Apk တွေနဲ့ပဲကြူကြူ ငပိန်းမတွေက တွေးမိမယ့်ပုံမရှိပါဘူး အဲ့အတွက်လည်းတွေး ပူမနေပါနဲ့ 
သစ္စာရှိတဲ့ယောက်ျားတွေ မရှိဘူးလို့ မဆိုလိုချင်ပါဘူး 
အဲ ရှိတယ်လို့လည်း မဆိုလိုချင်ပြန်ပါဘူးလို့ 

သိပ်အလုပ်မရှုပ်ခံချင်ရင်တော့ ကြုံကြိုက်တဲ့အခါ ပိုက်ဆံအထုပ်တစ်ထုပ်လောက် ဓာတ်ပုံရိုက်ထားပြီး ကောက်ရထားလို့ ပိုင်ရှင်သိအောင် Share ပေးကြပါဦးသာတင်လိုက်ပါ ဒါကတော့ လူမျိုး ဘာသာ ကျား မ မရွေး စားသုံးနိုင်တဲ့ အဲလေ Attention ယူနိုင်တဲ့နည်းလမ်းပါ 
သူတော်ကောင်းကြီး အထင်ခံရပြီး Follower လည်း အတက်မြန်တဲ့ အကွက်ပါ 
(ဟိုတစ်လောက ဝါဒဖြန့်ဘောမတစ်ယောက်က အဲ့အကွက်လုပ်နေတာ ကိုယ့်လူရင်းထဲက Share နေလို့ သူ့ကိုရှင်းပြလိုက်ရသေးတယ်) 
တစ်ခြားအကွက်တွေအများကြီး ကျန်သေးပေမယ့် လောလောဆယ်တော့ မျက်စိအနောက်ဆုံးဖြစ်နေတဲ့ နည်းလမ်းတွေပဲ ရေးတင်လိုက်ရပါတယ်

FB user အချင်းချင်း ဂျင်းထည့်ခြင်း ကင်းဝေးကြပါစေ(ဖြည်းဖြည်းဆဲကြပါ) ဆိုပြီး ဟာသလေးနဲ့ ရေးထားပါတယ် ။လင်းနစ် ဟာ မကြာခင်မှာ ချစ်သူနဲ့ လက်ထပ်တော့မယ့် သတိုးသားလောင်းလေးလဲ ဖြစ်ပါတယ် ။ 

Credit:လင်းနစ်



Follow us on