1. Home
  2. Myanmar News

ဆီဘောက်ဆာနှင့် ကွန်တိန်နာတိုက်ခဲ့စဉ် ဆီဘောက်ဆာ၏ အရှိန်နှုန်းမှာ ၁၆ ကီလိုသာရှိ

Myanmar News ส.ค. 24, 2560 view 1,691

သြဂုတ်လ ၂၂ ရက် ည ၉ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ပြည်ထောင်စုလမ်းမကြီးနှင့် ယဉ်ကျေးမှုလမ်းသွယ် လမ်းဆုံနေရာတွင် ဆီဘောက်ဆာနှင့် ကွန်တိန်နာကားတို့ တိုက်ခဲ့မှုကြောင့် မီးလောင်းကျွမ်းရာမှ နေအိမ် ၇ လုံးလောင်ကျွန်းခဲ့ရသည့် ဖြစ်စဉ်ကို ဆီဘောက်ဆာ ကုမ္ပဏီမှ သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါနေရာ လမ်းဆုံတွင် PCL ကုမ္ပဏီပိုင် ဆီဘောက်ဆာကားအား ကွန်တိန်နာယာဉ်အမှတ် K/5821 က နောက်မှဝင်တိုက်ခဲ့ပြီး ကွန်တိန်နာယာဉ် တုံးလုံးလဲကာ ယာဉ်မောင်းဖြစ်သူ ထွက်ပေးခဲ့ကြောင်းသိရှိရသည်။

PLC ကုမ္ပဏီမှ ဆီဘောက်ဆာ ယာဉ်မောင်းအား ထိုအချိန်က အရက်သေစာ သောက်စားထားခြင်း ရှိ၊ မရှိစစ်ဆေးခဲ့ရာ ယာဉ်မောင်း ဦးစန်းလှိုင်မှာ မူးယစ်ဆေးဝါး တစ်စ်စုံတစ်ရာ သုံးဆွဲထားခြင်းမရှိကြောင်း တွေ့ရှိခဲ့သည်။ ထို့အပြင် ဆီဘောက်ဆာကား၏ မောင်းနှင်မှု အရှိန်နှုန်းကို GPS စနစ်ဖြင့် စစဆေးရာ ယာဉ်တိုက်မှုဖြစ်ချိန်တွင် မောင်းနှင်နှုန်းမှာ ၁၆ ကီလိုမီတာ အရှိန်နှုန်းသာရှိကြောင်း PLC ကုမ္ပဏီမှ သတင်းထုတ်ပြန်ခဲ့သည်။


ထွက်ပြေးတိမ်းရှောင်လျှက်ရှိသော ကွန်တိန်နာယာဉ်မောင်း လှမျိုးသန်း အသက်(၃၀)နှစ်၊ ဒဂုံမြို့သစ်တောင်ပိုင်း ၂၆ ရပ်ကွက် ကန်သာယာလမ်း၊ အမှတ် ၈၉၃ အခန်း (၅) တွင်နေထိုင်သူအား သက်ဆိုင်ရာမြို့မ ရဲစခန်းမှ လိုက်လံရှာဖွေ ဖမ်းဆီးလျှက်ရှိကြောင်း PCL ကုမ္ပဏီမှ သတင်းထုတ်ပြန်ခဲ့သည်။
 



Follow us on