1. Home
  2. Special or Others

ဂရင်းနစ်စံချိန်တင်သွားတဲ့ ကမ္ဘာ့အကြီးဆုံး စမူဆာ (ရုပ်သံ)

Special or Others ส.ค. 24, 2560 view 1,656

အလေးချိန် ၁၅၃ ဒဿမ ၁ ကီလိုဂရမ် (၃၃၇ ဒဿမ ၅ ပေါင်) ရှိတဲ့ စမူဆာကြီးကို လန်ဒန်မြို့အရှေ့ပိုင်းမှာရှိတဲ့ ဗလီဝတ်ပြုကျောင်းတစ်ခုမှာ သြဂုတ်လ ၂၂ ရက်နေ့က အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပြီး ကမ္ဘာ့အကြီးဆုံး စမူဆာအဖြစ် ဂရင်းစံချိန် တင်နိုင်ခဲ့ပါတယ်။


၂၀၁၂ ခုနှစ်က အင်္ဂလန်နိုင်ငံမြောက်ပိုင်း Bardford Collage က ပြုလုပ်ခဲ့တဲ့ စမူဆာဟာ အလေးချိန် ၁၁၀ ဒဿမ ၈ ကီလိုဂရမ်နဲ့ စံချိန်တင်ထားခဲ့ရာမှ ယခုစမူဆာက စံချိန်ချိုးကာ ကမ္ဘာ့အကြီးဆုံး မှတ်တမ်းဝင်ဖြစ်လာခဲ့ခြင်းဖြစ်ပါတယ်။


ဒီစမူဆာကြီးကို မွတ်ဆလင်ကူညီရေးအသင်းက စေတနာ့ဝန်ထမ်း တစ်ဒါဇင်နဲ့ အောင်အောင်မြင်မြင် ကြော်နိုင်ခဲ့တာဖြစ်ပါတယ်။ စူမဆာရဲ့ အရည်အသွေးများနဲ့အညီ သုံးထောင့်ချွန် တြိဂံပုံစံဖြစ်ရမည်။ ကြက်သွန် အာလူး အစရှိသော အစာသွပ်ပစ္စည်းများလည်း အချိုးအစားညီ ပါဝင်ရမည်ဖြစ်ပြီး နောက်ဆုံးအဆင့် ကြော်လှော်ရာတွင်လည်း ပုံသဏ္ဍန်မပျက် ရှိနေရမည်ဖြစ်ပါတယ်။


ကမ္ဘာ့အကြီးဆုံး စမူဆာပြုလုပ်ရာတွင် ဂရင်းနစ် မှတ်တမ်းဝင်စစ်ဆေးရေးအဖွဲ့များ၏ စစ်ဆေးမှုက အမှန်တစ်ကယ်ပင် စိတ်လှုပ်ရှားစရာကောင်းကြောင်း ကြီးကြပ်သူ ဇက်ဟူစိန်က ပြောကြားခဲ့သည်။


ဂင်းနစ်ကမ္ဘာစံချိန်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက “ဒါဟာ ချီးကျူးစရာကောင်းတဲ့ အောင်မြင်မှုပါ၊ မွတ်ဆလင်ကူညီရေး အဖွဲ့တွေက အတော်လေး ကြိုးကြိုးစားစား လုပ်ခဲ့ကြပြီး နောက်ဆုံးမှာ အောင်မြင်ခဲ့တာပါ” ဟု ပြောကြားခဲ့ပါတယ်။
 



Follow us on