1. Home
  2. Movie Stars - Celebrity

အကောင့်အတုကို သတိပေးလိုက်တဲ့ ၀ိုင်းစု

Movie Stars - Celebrity ส.ค. 24, 2560 view 1,404

အနုပညာရှင်အများစုဟာ အကောင့်တု ပေါ်ခြင်း အကောင့်ဟတ်ခံရခြင်း ထိုကိစ္စတွေ ခနခနဆိုစလို တွေ့ကြုံရပါတယ် ။ ဒီတခေါက်မှာလဲ ၀ိုင်းစု ရဲ့ပုံစံတူ အကောင့် တခုကို ၀ိုင်းစုက သတိပေးလိုက်ပါပြီ ။

“ဘယ်လိုသဘောနဲ့ ဒီလိုမျိုးတွေ လိုက်လုပ်နေတာလဲဆိုတာ နားကိုမလည်နိုင်တော့အောင်ပါပဲ... 
ဒီအကောင့်က ဝိုင်းစုဖွင့်ထားတဲ့ အကောင့် လုံးဝမဟုတ်ပါ...
အကောင့်တုတွေဖွင့်ပြီး နှောက်ယှက်ရုံနဲ့ အားမရလို့ 
ဝိုင်းစုရဲ့ပုံနဲ့ ဝိုင်းစုရေးတဲ့စာသားတွေနဲ့ 
ခပ်ဆင်ဆင်တူအောင် လိုက်ရေး 
relationshipတွေ တဖက်သတ်လိုက်တင်ပြီး 
နောက်တမျိုး ယုတ်မာဖို့ကြံနေပြန်ပြီ...
ဒီလောက်နဲ့ပဲတော်သင့်ပါပြီ ဘယ်အချိန်အထိ လိုက်နှောက်ယှက်နေမှာလဲ...
ကျေးဇူးပြုပြီး နည်းအမျိုးမျိုးနဲ့ နှောက်ယှက်နေတာတွေကို ရပ်တန်းကရပ်ပေးပါတော့” ဆိုပြီ သူမအကောင့်မှာ ရေးသားထားခဲ့ပါတယ် ။ 



Follow us on