ကိုရီးယားနိုင်ငံရဲ့ အေ ချာအလှလေးတွေထဲမှာ နာမည်ကျော်မင်းသမီး Lee Tae-Im လည်း တ စ်ေ ယာက်အပါအ၀င်ပါ။လှပတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ဖို့၊ပိုင်ဆိုင်ပြီးရင်လည်း ဆက် ထိန်းထားဖို့ ဆိုတာဟာ တကယ်တော့ ထင်သလောက် မလွယ်ပါဘူး။ အရမ်း ကို ပင်ပမ်းရပါတယ်။မင်းသမီး Lee Tae-Im ရဲ့ လှပတဲ့ ခန္ဓာကိုယ် အချိုးအ စားရဲ့ နောက်ကွယ်မှာ လျှို့ဝှက်ချက်ရှိပါတယ်။သူမရဲ့ သွယ်လျတဲ့ ကိုယ်ခန္ဓာကို ထိန်းဖို့ တစ်နေ့မှာ ထမင်းကို ဇွန်း(၃)ဇွန်းပဲ စားတယ်လို့ ဆိုပါတယ်။
သူမရဲ့ လှပတဲ့ ကောက်ကြောင်း၊ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ်အချိုးအဆစ်ေ တွရဲ့ နောက်ကွယ်မှာ တော်ရုံလူလိုက်မလုပ်နိုင်တဲ့ အပြင်းစားဝိတ်ချနည်း၊ ခန္ဓာ ကိုယ်ထိန်းသိမ်းနည်းရှိပါတယ်။ သွယ်လျလှပတဲ့ ခန္ဓာကိုယ်အချိုးအစားကို ရဖို့ လွန်ခဲ့တဲ့(၆)လလောက်က ၀ိတ်ချခဲ့တာပါ။
တစ်နေ့လုံးနေမှ ထမင်း(၃)ဇွန်းပဲ စားခဲ့ပါတယ်။ဝလာတဲ့ သူမရဲ့ ခန္ဓာကိုယ်ကို ကြည့်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု ပျောက်လာတယ်လို့ ခံစားခဲ့ရပါတယ်။ မင်း သမီးPark Han-Byul ၊ Lee Chae-Young တို့နဲ့အတူ ဓါတ်ပုံရိုက်လိုက်တဲ့ အခါမှာတော့ သူမရဲ့ ကိုယ်လုံးအပေါ် စိတ်ပျက်မိခဲ့တယ်လို့ ၀န်ခံခဲ့ပါတယ်။
“ကျွန်မအရမ်းရှက်မိတယ်၊ပြီးပြည့်စုံတဲ့ တခြားလူတွေရဲ့ ကိုယ်လုံးကြောင့် သူ တို့ဘေးမှာ ရပ်နေတဲ့ ကိုယ့်ကိုယ်ကို ရှက်မိတယ်။အရမ်းစိတ်ညစ်မိလို့ ငိုချပစ် မိတဲ့ အထိပါပဲ” လို့တီဗီရှိုးတစ်ခုမှာ ဖြေခဲ့ပါတယ်။
သူမရဲ့ ၀ိတ်ချနည်းဟာ ကျန်း မာရေးရှူထောင့်ကကြည့်ရင်တော့ လုံးဝမလုပ်သင့်၊မဖြစ်သင့်ပါဘူး။ဒါပေမယ့် အစားကို လုံးဝလျှော့ချပြီး သူမလိုလိုက်လုပ်နိုင်ဖို့ ဆိုတာကတော့ တကယ့်ကို မလွယ်ပါဘူး။ဒါကြောင့် သူမဒီလိုလုပ်နိုင်တယ်ဆိုတာကတော့ တကယ့်ကို ချီးကျူးစရာပါ။
သူမရဲ့ပရိသတ်တွေကလည်း သူမရဲ့ Instagram အောက်မှာ အရမ်းပိန်သွားတဲ့ အတွက် စိတ်ပူမိကြောင်း Comment ၀င်ရေးခဲ့ပါတယ်။ သူမရဲ့ ကျန်းမာရေးကို ထိခိုက်မှာကို စိတ်ပူမိကြောင်း ရေးခဲ့ကြပါတယ်။ဝိတ် ကတော့ (၂)(သို့)(၃) kg လောက် ကျသွားခဲ့တယ်လို့ Lee Tae-Im က ဆိုပါတယ်။အခုနောက်ပိုင်းမှာတော့ အရင်က ထမင်း(၃)ဇွန်းပဲစားရာကနေ အခုတော့ (၆)ဇွန်းစားနေပြီလို့ ဆိုပါတယ်။သူမရဲ့ ခန္ဓာကိုယ်ဟာ အရင်ကလ ည်း အရမ်းဝတဲ့ အထဲမှာမပါပါဘူး။သူမရဲ့ ၀ိတ်ချနည်းဟာ ကျန်းမာရေး ရှုထော င့်ကကြည့်ရင် လုံးဝမလုပ်သင့်တဲ့ ၀ိတ်ချနည်းမို့ လိုက်မလုပ်သင့်ပါဘူး။
Credit:auntymay