1. Home
  2. Good Morning Myanmar

နိုင်ငံတော်သမ္မတ ဦးထင်ကျော် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌ ဦးဆောင်သည့် ကော်မရှင်အဖွဲ့အား လက်ခံတွေ့ဆုံ

Good Morning Myanmar ส.ค. 24, 2560 view 1,405

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်ဟာ ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်တဲ့ ကော်မရှင်အဖွဲ့ဝင်များအား သြဂုတ်လ(၂၃)ရက်နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမမှာ လက်ခံ တွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံစဉ် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ရဲ့ကြားဖြတ်အစီရင်ခံစာပါ အကြံပြုချက်များအပေါ် မြန်မာနိုင်ငံရဲ့ ရေရှည်အမျိုးသားအကျိုးစီးပွားကိုမျှော်မှန်းလျက် နိုင်ငံတော်ရဲ့ ဥပဒေမူဝါဒများနဲ့အညီ အကောင်အထည်ဖော်လျက်ရှိတဲ့ အခြေအနေများ၊ရခိုင်ပြည်နယ်အတွင်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှု တိုးတက်ရရှိရေးအပါအ၀င် လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးဆောင်ရွက် လျက်ရှိတဲ့ အစီအမံများ၊ပညာရေးကဏ္ဍနဲ့အဆင့်မြှင့်တင်ဆောင်ရွက်နေမှုများ၊လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီများကို စနစ်တကျလက်ခံနေမှုများ၊တရားဥပဒေစိုးမိုးရေးနဲ့နယ်မြေ လုံခြုံရေးအစီအမံများ၊မူးယစ်ဆေးဝါးပြဿနာများ၊သတင်းမီဒီယာရယူခွင့်ဆိုင်ရာကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါတယ်။



Follow us on