1. Home
  2. Good Morning Myanmar

ရွှေဈေးစံချိန်တင်မြင့်တက်မှုကြောင့် ရွှေအရောင်းအ၀ယ်အခြေအနေ အရင်နှစ် ကထက် (၅၀)ရာခိုင်နှုန်းခန့်ကျဆင်း

Good Morning Myanmar ส.ค. 25, 2560 view 1,417

ဇူလိုင်လကုန်ပိုင်းကစတင်ပြီး ရွှေဈေးမြင့်တက်လာမှုကြောင့် ရွှေရောင်းချမှုနှုန်းဟာ ယခင်နှစ်က ထက် ကျဆင်းနေတယ်လို့ သိရပါတယ်။ပြည်တွင်းရွှေဈေးဟာ ဇူလိုင်လကုန်ပိုင်းကစတင်ပြီး (၁၆)ပဲရည်ရွှေတစ်ကျပ်သားကို ငွေကျပ်(၉)သိန်းနီးပါးရှိခဲ့တာဖြစ်ပြီး သြဂုတ်လဆန်းပိုင်းမှာတော့ ငွေကျပ်(၉)သိန်း(၁)သောင်းကျော်အထိ စံချိန်တင်မြင့်တက်ခဲ့တာဖြစ်ပါတယ်။ပြည်တွင်းရွှေဈေးဟာ အခုလက်ရှိအချိန်ထိ ကျပ်(၉)သိန်းအထက်မှာ ရက်(၂၀)နီးပါး ရှိခဲ့တာကြောင့် ရွှေဆိုင်တွေအနေနဲ့ အရောင်းအ၀ယ်တွေကျဆင်းနေတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေကလည်း အခုလိုမိုးတွင်းကာလမှာ ရွှေဈေးမြင့်တက်တာတွေရှိပေမယ့် အရောင်းအ၀ယ် ကတော့ အခုနှစ်လောက်ကျဆင်းသွားတာမျိုးမရှိဘူးလို့သိရပါတယ်။ သြဂုတ်လ(၂၃)ရက် ရန်ကုန်ရွှေဈေးကွက်မှာတော့ လက်ဝတ်ရတနာရွှေဖြစ်တဲ့(၁၅) ပဲရည်တစ်ကျပ်သားကို အဖွင့်ဈေးငွေကျပ်(၈)သိန်း(၅)သောင်းနဲ့ရှိပြီး အခေါက်ရွှေဖြစ်တဲ့(၁၆) ပဲရည်တစ်ကျပ်သားကို အဖွင့်ဈေးငွေကျပ်(၉)သိန်း(၁)သောင်း(၈)ထောင်(၅)ရာဖြစ်တယ်လို့ သိရပါ တယ်။ကမ္ဘာ့ရွှေဈေးအနေနဲ့ကတော့ သြဂုတ်လ(၂၃)ရက်နေ့မှာ ရွှေတစ်အောင်စကို အမေရိကန် ဒေါ်လာ(၁၂၈၄)ဒေါ်လာရှိနေတယ်လို့သိရပါတယ်။



Follow us on