1. Home
  2. Good Morning Myanmar

လောင်စာခဲသုံး ဒုံးကျည်အင်ဂျင်အမြောက်အများထုတ်လုပ်မည်ဟု မြောက်ကိုရီးယားပြော

Good Morning Myanmar ส.ค. 28, 2560 view 1,456

မြောက်ကိုရီးယားဟာ နိုင်ငံအတွင်းမှာလုပ်ဆောင်နေတဲ့ဒုံးကျည်နည်းပညာမှာ လောင်စာခဲသုံး နည်းပညာသုံးမယ့် ဒုံးကျည်အင်ဂျင်အမြောက်အများထုတ်လုပ်သွားဖို့ရှိနေတယ်လို့ မြောက်ကိုရီးယား နိုင်ငံပိုင် KCNA သတင်းဌာန သတင်းဖော်ပြပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ရဲ့အနောက်ပိုင်းမှာ ဟွာဆောင်း(၁၃) ဆိုပြီးရေးထားတဲ့ ဒုံးကျည်ဖွဲ့စည်းပုံအကြောင်း အပြည့်အစုံရေးထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ ခေါင်းစဉ်အောက်မှာတော့ ဒုံးကျည်လောင်စာကဏ္ဍအတွက် အဆင့်(၃)ဆင့် ပါဝင်နေတာကို မြင်တွေ့နိုင်မှာပါ။လောင်စာခဲသုံး အင်ဂျင်တွေမှာသုံးတဲ့ အညိုရောင်ဆလင်ဒါပုံစံ လောင်စာကန်ကို မြောက်ကိုရီးယားဘက်ကထုတ်ဖော်ပြသလိုက်တာဖြစ်ပြီး မြောက်ကိုရီးယားခေါင်းဆာင်ကင်ဂျုံအန်က ဒီနည်းပညာကိုအသုံးပြုပြီး ဒုံးကျည်ထုတ်လုပ်တာကို အရှိန်မြှင့်တင်ဖို့အမိန့်ပေးထားတယ်လို့ မြောက်ကိုရီးယားအစိုးရပိုင် KCNA သတင်းဌာနမှာ သတင်းဖော်ပြပါတယ်။

(၂၀၁၂)ခုနှစ်တုန်းမှာပြုလုပ်ခဲ့တဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်အီဆွန်းရဲ့ အသက်(၁၀၀)ပြည့်မွေးနေ့ စစ်ရေးပြအခမ်းအနားမှာ ဟွာဆောင်း(၁၃)ဒုံးကျည်ကို အဆင့်(၃)ဆင့်ပါ လောင်စာအရည်သုံး ဒုံးကျည်အနေနဲ့ စတင်ထုတ်ဖော်ပြသခဲ့တာပါ။အဲ့ဒီနောက် သုံးနှစ်အကြာ (၂၀၁၅)ခုနှစ်ကပြုလုပ်ခဲ့တဲ့ စစ်ရေးပြပွဲမှာတော့ ဟွာဆောင်း(၁၃)ကို အဆင့်(၂)ဆင့်ပါ ဒုံးကျည် အနေနဲ့ ပြသခဲ့ပါတယ်။မြောက်ကိုရီးယားဟာ ဟွာဆောင်း(၁၂)နဲ့ဟွာဆောင်း(၁၄)ကို တပ်ဆင်ပြီးစီး နေပြီး စမ်းသပ်မှုတွေပါပြုလုပ်ခဲ့ပြီးပါပြီ။ဒါပေမယ့် ဟွာဆောင်း(၁၂)နဲ့ဟွာဆောင်း(၁၄)ဟာ လောင်စာရည်သုံးရတဲ့အပြင် လွှတ်တင်ချိန်လည်းကြာမြင့်လို့ လက်နက်အနေနဲ့ အသုံးပြုဖို့မသင့်ဘူး ဆိုပြီး မြောက်ကိုရီးယားဘက်က ယူဆခဲ့ပုံပေါ်ပါတယ်။



Follow us on