1. Home
  2. Good Morning Myanmar

စက်ချုပ်သင်ပေးမည့်အပြင် လုပ်ခပါပေးမည့်အထည်ချုပ်သင်တန်းကို စိတ်ဝင်စားသူများနေ

Good Morning Myanmar ส.ค. 28, 2560 view 1,443

အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနဲ့ “ပျိုးပင် အားလုံးအတွက် ဖွံ့ဖြိုးရေး” တို့ ပူးပေါင်းဖွင့်လှစ်မယ့် အောင်မြင်မှုအထည်ချုပ်ကျွမ်းကျင်မှုသင်တန်းကျောင်းကို စက်တင်ဘာ(၁၈)ရက်မှာ ဖွင့်လှစ်သွားမှာပါ။ဒီသင်တန်းက စက်ချုပ်သင်ပေးမယ့်အပြင် လုပ်ခပါပေးမှာဖြစ်တာကြောင့် စိတ်ဝင်စားသူများနေတယ်လို့ သိရပါတယ်။ စက်ချုပ်သင်တန်း တက်ရောက်မယ့်သူများကို အသက်(၁၈)နှစ်နှင့်အထက်ကိုသာ သတ်မှတ်ထားပြီး သင်တန်းကိုတစ်ပတ်မှာ(၅)ရက်နဲ့(၂)လကြာသင်တန်းပေးသွားမယ်လို့ သိရပါတယ်။

သင်တန်းတက်ရောက်မယ့်သူတွေကို သင်တန်းအခမဲ့သင်ကြားပေးမယ့်အပြင် လုပ်ခ အနေနဲ့ တစ်နေ့(၁၈၀၀)ကျပ်နဲ့ နေ့လည်စာကျွေးသွားမယ်လို့သိရပါတယ်။လက်ရှိမှာ စက်ချုပ်သင်တန်းကို စိတ်ဝင်စားပြီး လာရောက်စုံစမ်းသူတွေ များနေတယ်လို့သိရပါတယ်။ အောင်မြင်မှုအထည်ချုပ်ကျွမ်းကျင်သင်တန်းမှာ မျဉ်းအဖြောင့်ချုပ်နည်း၊ အကောက်ချုပ်နည်းတွေအပြင် အထည်ချုပ်စက်ရုံတွေမှာ ချုပ်နိုင်အောင်သင်ကြားပေးသွားမယ်လို့ သိရပါတယ်။ဒါ့အပြင် သင်တန်းဆင်းပြီးပါက အထည်ချုပ်စက်ရုံတွေနဲ့ ချိတ်ဆက်ပေးသွား မယ်လို့လည်းသိရပါတယ်။

သင်တန်းဆင်းပြီး လုပ်ငန်းခွင်ထဲဝင်ရောက်ပြီးသူတွေ အနေနဲ့ လုပ်ငန်းခွင်(၄)လအတွေ့အကြုံရှိပါက အာဆီယံနိုင်ငံများအသိအမှတ်ပြုကျွမ်းကျင် စာမေးပွဲကို ၀င်ရောက်ဖြေဆိုနိုင်မှာ ဖြစ်တယ်လို့သိရပါတယ်။ သင်တန်းအပတ်စဉ်တစ်ခုကို(၂)လ သင်ကြားပေးသွားမှာဖြစ်ပြီး သင်တန်းစီမံကိန်း (၂၈)လ သင်ကြားပေးသွားမယ်လို့ သိရပါတယ်။အောင်မြင်မှု အထည်ချုပ်ကျွမ်းကျင်သင်တန်းကို တက်ရောက်ချင်သူတွေအနေနဲ့ မြောက်ဒဂုံမြို့နယ်ပင်လုံခန်းမမှာ လာရောက်စာရင်းပေးသွင်း နိုင်တယ်လို့သိရပါတယ်။



Follow us on