1. Home
  2. Good Morning Myanmar

အခုနှစ် ဧရာဝတီတိုင်းဒေသကြီးမှာ ဆားထွက်နှုန်း(၅၀)ရာခိုင်နှုန်းလျော့နည်း

Good Morning Myanmar ส.ค. 28, 2560 view 1,375

အခုနှစ်ဧရာဝတီတိုင်းဒေသကြီးမှာ (၂၀၁၇)ခုနှစ် ဧပြီလပိုင်းကတိုက်ခတ်ခဲ့တဲ့ မုန်တိုင်းငယ် ကြောင့် မိုးရွာသွန်းမှုတွေဖြစ်ပေါ်ခဲ့ပြီး ဆားထွက်နှုန်းဟာ အရင်နှစ်ကထက်(၅၀)ရာခိုင်နှုန်းလျော့နည်း ခဲ့တယ်လို့ ဧရာဝတီတိုင်းဒေသကြီး ဆားလုပ်ငန်းရှင်များအသင်းမှသိရပါတယ်။ ဧရာဝတီတိုင်းဒေသကြီးမှာ မုန်တိုင်းကြောင့် အချိန်မတိုင်ဘဲမိုးရွာသွန်းခဲ့တဲ့အတွက် ဆားကွင်းတွေပျက်စီးခဲ့ပြီး ဆားပြန်ပြုလုပ်ရာမှာ ရက်ပေါင်း(၂၅)ရက်လောက် လစ်ဟာသွား တာကြောင့် ဆားအထွက်နည်းတာဖြစ်တယ်လို့သိရပါတယ်။ ဆားအထွက်လျော့နည်းခဲ့တာကြောင့် ပြီးခဲ့တဲ့နှစ်က ဆားကြမ်းတစ်ပိသာကို ငွေကျပ်(၈၀)သာရှိပြီး လက်ရှိမှာတော့ ပုသိမ်အရောက်ကို ငွေကျပ်(၁၆၅)ကျပ်အထိ ထက်ဝက်ကျော်မြင့်တက်လာတာ ဖြစ်တယ်လို့သိရပါတယ်။

(၂၀၁၇)ခုနှစ် ဧပြီလ နောက်ပိုင်းမုန်တိုင်းဝင်ပြီးချိန်မှစပြီး ဈေးမြင့်တက်လာတာဖြစ်တယ်လို့သိရပါတယ်။ ဆားချောထက် ဆားကြမ်းကိုသာအသုံးပြုမှုပိုများတာကြောင့် ဆားကြမ်းဈေးကပိုတက်တယ်လို့ ပြောပါတယ်။ အခုနှစ်မှာ ဆားထွက်ရှိမှုလျော့နည်းသွားသလို ဈေးလည်းတက်တာကြောင့် ဆားထုတ်လုပ်ရောင်းချသူတွေအနေနဲ့ဆားလက်ကျန်မရှိတော့ဘူးလို့သိရပါတယ်။ဒါ့အပြင် နေ့စဉ် စားသုံးနေတဲ့ ဆားချောတွေကတော့ ဆားအ၀ယ်မလိုက်တာကြောင့် ရောင်းချသူတွေအနေနဲ့ သိုလှောင်ထားခြင်းမပြုလုပ်ဘဲ ရှိသလောက်ရောင်းချပေးနေတာဖြစ်တယ်လို့သိရပါတယ်။



Follow us on