1. Home
  2. Special or Others

ဒုတိယမြောက်သမီးလေး အတွက် မခ့်ဇူကာဘတ်ရဲ့ မိဘမေတ္တာစာ

Special or Others ส.ค. 29, 2560 view 1,490

ဖေ့စ်ဘွခ်ဖန်တီးသူ မခ်ဇူကာဘတ်နဲ့ ဇနီးဖြစ်သူတို့က သူတို့၏ ဒုတိယမြောက် သမီးလေးကို ကြိုဆိုနှုတ်ခွန်းဆက်တဲ့ စာသားလေးကို သူ၏လူမှုကွန်ယက် ဖေ့စ်ဘွခ်ပေါ်တွင် ရေးသားခဲ့ပါတယ်။

မခ်ဇူကာဘတ်၏ ရေးသားဖော်ပြချက်တွင် −

"လောကကြီးကနေ ကြိုဆိုပါတယ်ကွယ်! သမီးလေးက ဘဝမှာဘယ်လိုမျိုးဖြစ်လာဦးမလဲဆိုတာ အဖေနဲ့ အမေတို့ စိတ်လှုပ်ရှားနေကြပါတယ်။

သမီးလေးရဲ့ အစ်မကို မွေးဖွားခဲ့စဉ်ကလည်း သမီးတို့နှစ်ဦး ထိတွေ့ကြီးပြင်းလာဖို့ အဖေတို့မျှော်လင့်ထားတဲ့ ကမ္ဘာကြီးအကြောင်း ​ရေးခဲ့ပါသေးတယ်။ ကောင်းမွန်သော ပညာရေးစနစ်၊ အနာရောဂါနည်းပါးခြင်း၊ ခိုင်မာတဲ့ လူ့အဖွဲ့အစည်းနဲ့ တန်တူညီမျှမှု အကောင်းဆုံးရှိတဲ့ လောကကြီးပေါ့။

အဆင်မြင့်တဲ့ သိပ္ပံနဲ့ နည်းပညာတွေနဲ့အတူ သမီးတို့ရဲ့ မျိုးဆက်မှာ အဖေတို့ခေတ်ထက် ပိုပြီးထူးခြားကောင်းမွန်တဲ့ ဘဝတွေမှာ နေထိုင်နိုင်ရမယ် ဒါတွေအားလုံး အကောင်အထည်ပေါ်လာဖို့က အဖေတို့ရဲ့ တာဝန်ပါ။ သမီးတို့ရဲ့ မျိုးဆက်နဲ့ အနာဂါတ်အတွက် အဖေတို့က အကောင်းမြင်စိတ်ရှိထားကြပါတယ်။

အသက်ကြီးလာတဲ့ အကြောင်းတွေကို ပြောတာထက် ကလေးဘဝအကြောင်းကို ပိုပြီးပြောချင်တယ်။ လောကကြီးက တစ်ကယ်ကို ရုန်းကန်ရမယ့်နေရာကြီးတစ်ခု ဖြစ်လာမှာကြောင့် ကလေးဘဝမှာ ပြေးလွှားဆော့ကစားရမယ့် အချိန်တွေက တစ်ကယ်ကို အရေးကြီးပါတယ်။

သမီးတို့အသက်ကြီးလာရင် အလုပ်တွေ ရှုပ်လာမှာပါ။ ဒါကြောင့် ပန်းတွေရဲ့ ရနံ့ကို ခံစားဖို့ သစ်ရွက်လေးတွေကို သမီးတို့စိတ်ကြိုက် ခူးဆွတ်ဆော့ကစားဖို့ အဖေတို့ မျှော်လင့်ပါတယ်။ သမီးတို့အကြိုက် Dr.Seuss စာအုပ်တွေကို အကြိမ်များစွာဖတ်ပြီးတဲ့နောက် ကိုယ်ပိုင်ဇာတ်လမ်းလေးတွေကို တီထွင်လာဖို့ မျော်လင့်ပါတယ်။ Max နဲ့အတူ ရဟတ်ပေါ်က မြင်းရောင်စုံလေးတွေ စီးတာမျိုး၊ အဖေတို့ရဲ့ ပေါင်ပေါ်ကနေ တစ်အိမ်လုံးအနှံ့ စိတ်ကြိုက် လျှောက်ပြေးကစားတာမျိုးတွေကို မျှော်လင့်ပါတယ်။ ပြီးရင် အိပ်ရေး ဝ,ဝ နဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်တာမျိုး၊ အိမ်မက်ထဲမှာ အဖေအမေတို့က သမီးကို ဘယ်လောက်ချစ်တဲ့အကြောင်း အိမ်မက်လေးတွေ မက်ဖို့ မျှော်လင့်ပါတယ်။

ကလေးဘဝဆိုတာ တစ်ကယ်ဆန်းကြယ်ပါတယ်။ တစ်သက်မှာ ကလေးဖြစ်ခွင့် တစ်ကြိမ်သာရှိတာမို့ အနာဂါတ်အတွက် တွေးတောပူပန်တာမျိုးတွေ မလုပ်ပါနဲ့။ အဲဒီကိစ္စတွေကို အဖေတို့တာဝန်သာထားလိုက်ပါ။ သမီးတို့ရဲ့ မျိုးဆက်အနာဂါတ်မှာ ကလေးတွေအားလုံးအတွက် ကမ္ဘာကြီးပိုမိုလှပသာယာဖို့ အဖေတို့ စွမ်းနိုင်သလောက် ကြိုးစားလုပ်ဆောင်သွားမှာပါ။

သြဂုတ်ရေ၊ မင်းကိုတို့ သိပ်ချစ်တာပဲ၊ ဒီစွန့်စားခန်းတွေအားလုံးကို မင်းနဲ့အတူ ဖြတ်ကျော်ကြမယ်လေ။ ဘဝမှာ ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုတောင်းပါတယ်။ သမီးပေးတဲ့ မျှောလင့်ချက်တွေနဲ့အတူ ချစ်နေမယ့်

ဖေဖေ နဲ့ မေမေ"

ဟု ရေးသားဖော်ပြခဲ့ပါတယ်။


မခ်ဇူကာဘတ်နှင့် ဇနီးဖြစ်သူ ချန်းက မျိုးဆက်သစ်ကလေးများ၏ ဘဝသာယာကောင်းမွန်ဖို့အတွက် ဒေါ်လာဘီလီယံနဲ့ချီပြီး လှူဒါန်းခြင်းများလည်း လုပ်ဆောင်လျှက်ရှိသည်။

 

>> Mark Zuckerberg Facebook <<


 



Follow us on