1. Home
  2. Special or Others

ဘူတာရုံသို့ လမ်းလျှောက်လာစဉ် အမျိုးသမီးတစ်ဦး မြေကျွံကျခံရ

Special or Others ส.ค. 29, 2560 view 1,491

တရုပ်နိုင်ငံ အရှေ့တောင်ပိုင်း ရှန်ကျန်းမြို့တွင် ဘူတာရုံသို့သွားရန် စက်လှေကားစီးသည့်အမျိုးသမီးတစ်ဦး မြေကြီးကြမ်းပြင် ကျွံကျပြီး လူတစ်ကိုယ်လုံး မြေမြိုခံရသလို အဖြစ်ဆိုးတစ်ခု ကြုံတွေ့ခဲ့ရသည်။

စီစီတီဗီပုံရိပ်အရ စက်လှေကားဆီသို့ လျှောက်လာသော စုံတွဲတစ်တွဲတွင် အမျိုးသားဖြစ်သူ နောက်မှ လိုက်လာသော အမျိုးသမီးသည် စက်လှေကားနားမရောက်မီ မြေကြီးကြမ်းပြင်ထဲသို့ ရုတ်တရက် တစ်ကိုယ်လုံး ကျွံဝင်သွားခဲ့သည်။ အဖော်ဖြစ်သူ အမျိုးသားက ကျွံကျသွားသော ကျင်းထဲသို့ ဝမ်းလျားမှောက် ကုန်နှိုက်ပြီး အတွင်းမှ အမျိုးသမီးကို ဆွဲထားနိုင်ခဲ့သည်။

ထိုအချိန်တွင် အနီးနားမှ ဖြတ်သွားကြသူများ ဝိုင်းအုံလာပြီးနောက် ဝိုင်းဝန်းဆွဲတင်ပြီး အမျိုးသမီးကို ကယ်တင်ခဲ့ရသည်။ ဗီဒီယိုထဲတွင် အမျိုးသမီး၏ ခြေထောက်တွင် ဒဏ်ရာရရှိခဲ့ကြောင်း တွေ့ရှိရသည်။

အဆိုပါ ရင်ထိတ်စရာအဖြစ်ပျက်သည် သြဂုတ်လ ၂၆ ရက် စနေ့နေ့ နံနက် ၁၀ နာရီအချိန်ခန့်က ဖြစ်ပျက်ခဲ့ပြီး အမျိုးသမီးကို ဘူတာရုံဝန်ထမ်းများ ရောက်လာကာ ကူညီ၍ဆေးရုံပို့ပေးခဲ့ကြောင်း သိရှိရသည်။


 



Follow us on