1. Home
  2. Movie Stars - Celebrity

မိန်းကလေးအဆိုတော်လေးယောက် ဖျော်ဖြေမယ့် Romantic Opera

Movie Stars - Celebrity ส.ค. 29, 2560 view 1,518


စက်တင်ဘာလ ၂၃ ရက်နေ့ ရန်ကုန်မြို့ Rose Garden Hotel မှာ ကျင်းပပြုလုပ်မယ့် Dior Wedding studio ( Dior By Heart) ရဲ့ လေးနှစ်ပြည့်အမှတ်တရ  ပွဲမှာ အမျိုးသမီးအဆိုတော်လေးယောက်က Opera နဲ့ Love songs များကို ထူးခြားတဲ့ performance များစွာနဲ့ ခမ်းနားစွာ တင်ဆက်သွားမယ်လို့သိရပါတယ် ။

  " Romantic Opera" လို့ အမည်ပေးထားတဲ့ ဖျော်ဖြေပွဲကြီး ကို ဖြူဖြူကျော်သိန်း နီနီခင်ဇော် ၀ိုင်းလေး နဲ့ ဆိုဖီယာတို့ ဖျော်ဖြေတင်ဆက်ကြမှာလဲ ဖြစ်ပါတယ် ။

ကြည်နူးဖွယ်ရာ လွမ်းမောဖွယ်ရာ ခမ်းနားလှပစိတ်ကျေနပ်ဖွယ်ရာ တင်ဆက်မှု ရသစုံကို ရှုမြင်ခံစားကြရမည့်ပွဲကြီးဖြစ်ပြီး အဆိုတော်လေးယောက်နဲ့အတူ suprise ဖျော်ဖြေပေးကြမည့် တစ်ခြား အနုပညာရှင်များစွာလည်း ပါဝင်ကြမှာလဲ ဖြစ်ပါတယ် ။

Credit:dior photo studio



Follow us on