1. Home
  2. Myanmar News

အကြမ်းဖက်သမားများကို ပူးပေါင်းနှိမ်နင်းရန် ဘင်္ဂလားဒေ့ရှ်ကမ်းလှမ်း

Myanmar News ส.ค. 30, 2560 view 1,474

အကြမ်းဖက်သမားများ အထူးသဖြင့် Arakan Army နှင့် မြန်မာနိုင်ငံရှိ အခြားစစ်သွေးကြွအဖွဲ့ငယ်လေးများကို ပူးပေါင်းနှိမ်နင်းရန် မြန်မာအစိုးရကို ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းလိုက်ကြောင်း သြဂုတ် ၂၉ ရက် Dhaka Tribune သတင်းတွင် ဖော်ပြခဲ့သည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌါနသည် ဒါကာမြို့ရှိ သံအမတ်ကြီး ဦးအောင်မြင့် ကို သြဂုတ်လ ၂၈ ရက်နေ့က ဆင့်ခေါ်ကာ ထိုသို့ကမ်းလှမ်းလိုက်ခြင်းဖြစ်သည်။ အမည်မဖော်လိုသော နိုင်ငံခြားရေးဝန်ကြီးဌါန တာဝန်ရှိသူတစ်ဦးက ယခင်က ထိုကဲ့သို့ ကမ်းလှမ်းခဲ့ဖူးခြင်းမရှိကြောင်း ပြောကြားသည်။

“မြန်မာအစိုးရအနေနဲ့ လုံခြုံရေး စိုးရိမ်နေတာတွေကို ဖြေရှင်းနိုင်ဖို့ ကျွန်တော်တို့ ကူညီဖို့ စိတ်ဝင်စားတယ်ဆိုတာ ပြောပြလိုက်တယ်” ဟု ၎င်းကဆိုသည်။

နှစ်နိုင်ငံနယ်ခြားစောင့်တပ်များ ပူပေါင်းဆောင်ရွက်ရန် မြန်မာအစိုးရကို ဘင်္ဂလားဒေ့ရှ်က ၂၀၁၆ သြဂုတ်လတွင် ကမ်းလှမ်းခဲ့ဖူးသည်။ သို့သော် ထိုကမ်းလှမ်းချက်သည် ယခုကမ်းလှမ်းချက်လောက် ပြည့်စုံတိကျမှုမရှိပေ။

မြန်မာသံအမတ်ကြီးထံပေးအပ်သော တရားဝင်စာထဲတွင် နယ်စပ်၌ နှစ်နိုင်ငံလုံခြုံရေးတပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်ရန် ဘင်္ဂလားဒေ့ရှ်အစိုးရက ကမ်းလှမ်းထားသည်။ ဘင်္ဂလားဒေ့နယ်ခြားစောင့်တပ်နှင့် မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့တို့သည် ယင်းကိစ္စနှင့်ပက်သက်၍ ယခုနှစ်ဧပြီလက ဆွေးနွေးခဲ့သော်လည်း မည်သည့် ဆုံးဖြတ်ချက်မျှ ချမှတ်နိုင်ခြင်း မရှိခဲ့ပေ။

သတင်းရင်းမြစ်-ဒီမိုကရေစီတူဒေး
 



Follow us on