1. Home
  2. Myanmar News

အနိမ့်ဆုံးလုပ်အားခ ကျပ် ၄၀၀၀ မှ ၅၀၀၀ ကြားပေးနိုင်ကြောင်း လုပ်ငန်းရှင်အချို့အဆိုပြု

Myanmar News ส.ค. 30, 2560 view 1,450

ထပ်မံတိုးမြှင့်လာမည့် အလုပ်သမားတစ်ယောက်၏ တစ်နေ့တာလုပ်အားခကို ကျပ် ၄၀၀၀ မှ ၅၀၀၀ ကြားပေးနိုင်ကြောင်း ရန်ကုန်မြို့ရှိ လုပ်ငန်းရှင်အချို့မှ အဆိုပြုထားကြောင်း သိရှိရသည်။


ရန်ကုန်လုပ်သားထု၏ အခြေခံကုန်ကျစရိတ်စစ်တမ်းကို လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဒဂုံ၊ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ၊ အရှေ့ဒဂုံနှင့် မြောက်ဒဂုံတို့မှ စက်ရုံလုပ်သားများအား စာရင်းကောက်အဖွဲ့ ၆ ဖွဲ့ဖြင့် စတင်ကောက်ခံနေပြီဖြစ်သည်။

အထည်ချုပ် ဆောက်လုပ်ရေး၊ သံရည်ကျို စသည်ဖြင့် လုပ်ငန်းအမျိုးအစားစုံမှ လုပ်သားများကို မြို့နယ် ခုနှစ်မြို့နယ်တွင် တစ်ပြိုင်နက်ကောက်ခံနေပြီး စက်ရုံတစ်ရုံလျှင် ပျှမ်းမျှလုပ်သား ၁၀၀ ခန့်ကောက်ခံရန် လျာထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေး ကော်မတီဝင်များထံမှ သိရှိရသည်။

လက်ရှိတွင် လုပ်ငန်းရှင်များအနေနှင့် ကုန်ထုတ်လုပ်မှုပေါ်မူတည်၍ အဆိုပြုချက်များစွာ ရှိနေပြီး ၄၀၀၀၊ ၄၂၀၀၊ ၅၀၀၀ စသည်ဖြင့် အဆိုပြုထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေး ကော်မတီ အတွင်းရေးမှူး အလုပ်သမားညွှန်ကြားရေးဦးစီးဌါန (ရန်ကုန်တိုင်း) ညွှန်ကြားရေးမှူး ဒေါ်ဌေးဌေးစိုး က ပြောကြားခဲ့သည်။

အောက်ခြေရှိ အလုပ်သမားများ၊ အလုပ်သမားအဖွဲ့အစည်းများက အလုပ်ချိန် ၈ နာရီအတွက် အနိမ့်ဆုံးလုပ်ခကို ၅၆၀၀ ကျပ် သတ်မှတ်ပေးရန် ဆန္ဒပြတောင်ဆိုမှုများ၊ အဆိုပြုစာတင်ထားခြင်းများလည်း ရှိခဲ့သည်။

စာရင်းများကောင်ခံပြီးပါက ရလာဒ်ကို ရန်ကုန်တိုင်းဒေသကြီးကော်မတီက ပြန်လည်ဆွေးနွေးသွားမည်ဖြစ်ပြီး ရန်ကုန်တိုင်းအတွက် ထွက်ပေါ်လာသော အနိမ့်ဆုံး လုပ်ခနှုန်းထားကို စက်တင်ဘာလကုန်တွင် တင်ပြရန် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေး အမျိုးသားကော်မတီ က ညွှန်ကြားထားကြောင်း သိရသည်။
 



Follow us on