1. Home
  2. Good Morning Myanmar

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကတာဝန်ယူမှု တာဝန်မှုခံမှု မရှိတဲ့ပုဂ္ဂလိက ကုမ္ပဏီအချို့ကို အရေးယူမယ်လို့သတိပေးပြောဆို

Good Morning Myanmar ส.ค. 30, 2560 view 1,389

ရန်ကုန်တိုင်းဒေသကြီးအတွင်းက တာဝန်ယူမှုတာဝန်မှုခံမှုမရှိတဲ့ ပုဂ္ဂလိက ကုမ္ပဏီအချို့ ကို အရေးယူမယ်လို့ သြဂုတ် ၂၈ ရက်က ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက သတိပေးပြောကြားလိုက်ပါတယ်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် UMFCCI မှာ သြဂုတ်လ(၂၈)ရက်နေ့ကကျင်းပတဲ့ ဒုတိယသမ္မတ နှင့် ကုန်သည် အသင်းချုပ်က လုပ်ငန်းရှင်များတွေဆုံပွဲမှာ စားသုးံသူနှင့်သုးံစွဲသူတွေက တိုင်ကြားထားတဲ့ စားသောက်ကုန်လုပ်ငန်း၊လူသုးံကုန်လုပ်ငန်းနှင့် အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်တဲ့ ကုမ္ပဏီအချို့ထဲက တာဝန်ယူမှု တာဝန်ခံမှုမရှိတဲ့ ကုမ္ပဏီအချို့ကို အရေးယူမယ်လို့သတိပေး ပြောကြားလိုက်ပါတယ်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်ရဲ့သတိပေးပြောဆိုချက်မှာ ကုမ္ပဏီနာမည်တွေကို ပြောကြားခဲ့ တာမျိုးတော့မရှိပါဘူး။ UMFCCI ရဲ့ တာဝန်ရှိသူတွေကတော့ အသင်းဝင်ကုမ္ပဏီတွေကို တာဝန်ရှိသော တာဝန်ခံတဲ့ကုမ္ပဏီတွေဖြစ်ဖို့ ဆွေးနွေးဟောပြောတာတွေ အမြောက်အများပြုလုပ်ခဲ့ပြီး ဖြစ်တယ်လို့ ပြောပါတယ်။မြန်မာနိုင်ငံမှာတော့ ၂၀၁၆-၂၀၁၇ နိုဝင်ဘာလအထိ ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုးဦးစီးဌာနရဲ့ စာရင်းများအရ ပြည်တွင်းကုမ္ပဏီပေါင်း(၆၂၀၀)ကျော်၊နိုင်ငံခြားကုမ္ပဏီ များနှင် ရုးံခွဲပေါင်း (၉၀၀)နီးပါးရှိတယ်လို့သိရပြီး အများစုကတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ တည်ရှိနေတာဖြစ်ပါတယ်။



Follow us on