1. Home
  2. Movie Stars - Celebrity

ပုံမှန်ဇာတ်လမ်းတွေထက် ဆန်းမယ့် ကာရိုက်တာမျိုးကိုပဲ ရိုက်မယ့် စိုးပြည့်သဇင်

Movie Stars - Celebrity ส.ค. 30, 2560 view 1,504

စာမေးပွဲကြောင့် သရုပ်ဆောင်အလုပ်တွေကို ခဏနားထားတဲ့ စိုးပြည့်ဟာမွေးနေ့လဲ နီးလာပြီဖြစ်တဲ့ အတွက် စက်တင်ဘာ ၂၂ ရက်နေ့ မွေးနေ့ကိုတော့ ထူးထူးခြားခြား လုပ်မှာတော့မရှိပါဘူး မိသားစုနဲ့ ပျော်ပျော်ပါးပါးနေမယ် အလှူတစ်ခုလုပ်မယ် we love fan တွေနဲ့တွေ့မယ် နှစ်စဉ်လုပ်နေတဲ့ အတိုင်းပဲ လုပ်ဖြစ်ပြီ ထူးခြားမှုတခုအနေနဲ့ မွေးနေ့အမှီ ဖေဖေ မေမေ မေတ္တာတရားတွေကို ဖွဲ့ဆိုထားတဲ့ တတိယ Album ထဲက သီချင်းတစ်ပုဒ်ကို online ပေါ်မှ တင်ပေးဖို့ရှိတယ် ။ အခု သီချင်းလေးကို လုပ်နေပါတယ် ။

သရုပ်ဆောင်ပိုင်းကိုတော့ ရှေ့လမှ ပြန်လုပ်ဖြစ်မယ် ။ စာမေးပွဲအတွက် စာတွေလဲ လုပ်နေရတာကြောင့် နောက်လမှ ပြန်ရိုက်ဖြစ်မှာပါ ။ သရုပ်ဆောင်ပိုင်းကော အဆိုပိုင်း ကိုကော ၀ါသနာ ပါတဲ့ အတွက် နှစ်ခုလုံးကို မျှအောင် လုပ်သွားမှာပါ ။ စာမေးပွဲက ၁၁ လပိုင်းလောက်ဖြေရမှာပါ လက်တလောတော့ စာကိုပဲ ဦးစားပေး ရမှာပါ ။ အဆိုပိုင်းကိုလဲ ကောင်းအောင်လုပ်မယ် ။

မွေးနေ့ပြီးရင် ထွက်မယ့် mini album မှာ သီချင်း၂ ပုဒ်ပါ ပါမယ် ။ သီချင်းတွေကို Audio CDအနေနဲ့ လိုင်းပေါ်မှာအရင် ဖြန့်မယ် ပြီးတော့မှ MTV ကို သေချာရိုက်ပြီး ပရိတ်သတ်ကို ပြမယ်လို့ စဉ်းစားထားပါတယ် ။

 

အခုနောက်ပိုင်းတော့ အရင်ကနဲ့ မတူတဲ့ကာရိုက်တာ ခပ်ဆန်းဆန်းတွေ ရိုက်ကူးဖြစ်ပါတယ် ။ ရိုက်ထားတာလေးတွေလဲ ရှိတယ် ။ အရင်ကတော့ ခပ်အေးအေး ကာရိုက်တာလေးတွေ အရိုက်များတယ် ။ နောက်ပိုင်း ပုံမှန်ဇာတ်လမ်းတွေထက် ဆန်းမယ့် ကာရိုက်တာမျိုးတွေကို ရိုက်မယ်လို့ စဉ်းစားထားတယ် လို့ ပြောသွားခဲ့ ပါတယ် ။



Follow us on