1. Home
  2. Myanmar News

ထိုင်းနိုင်ငံတွင် မြန်မာအမျိုးသမီးအား မုဒိန်းကျင့်သတ်ဖြတ်သည့် တရားခံနှစ်ဦးကို ဖမ်းဆီးမိ(ရုပ်သံ)

Myanmar News ส.ค. 30, 2560 view 1,689

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဖတ်ခနုံမြို့နယ် ကထုံ့စဲယာဘုန်ကြီးကျောင်း အနီးရှိ ရေမြောင်းအတွင်း ဓါးဒဏ်ရာတွေနဲ့ သေဆုံးနေသော မြန်မာအမျိုးသမီး မမော်လီထွန်း ၂၅နှစ် ကို မုဒိန်းကျင့် သတ်ဖြတ်သွားခဲ့သည့် တရားခံနှစ်ဦးကို ဖမ်းဆီးမိခဲ့ပြီဖြစ်ကြောင်း သတင်းရရှိသည်။


သြဂုတ်လ ၂၉ ရက်နေ့က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ရဲအရာရှိကြီး နမ်တချက် စူပါမွန်ကို (Nantachat Supamongkol) က တရားခံများကို ဖမးဆီးနိုင်ခဲ့ပြီ ဖြစ်ကြောင်း ထုတ်ဖေါ်ပြောဆိုခဲ့ပြီး ရဲမှူးကြီးကိုယ်တိုင် ဦးဆောင်ကာ တရားခံနှစ်ဦးကို အခင်းဖြစ်တဲ့နေရာသို့ ခေါ်ဆောင်သွားပြီး လူသတ်မှုကျူးလွန်ကြပုံ အသေးစိတ်ကို ဝန်ခံပြသခဲ့ကြပါတယ်။


တရားခံနှစ်ဦးမှာ မြန်မာနိုင်ငံသားများဖြစ်တဲ့ အောင်တင်ဝင်း (၂၁ နှစ်)နှင့် ဆွေကြည် (၃၁ နှစ်)တို့ ဖြစ်ကြပြီး သေဆုံးခဲ့သူ မော်လီထွန်းနဲ့အတူ ဘန်ကောက်မြို့ အွန်နွတ် ၈၆လမ်း မှာ သြဂုတ်လ ၁၆ ရက်နေ့က စားသောက်ဆိုင်မှာအတူရှိနေခဲ့ကြပါတယ်။


နောက်ပိုင်း တရားခံတွေဟာ မော်လီကို လူပြတ်တဲ့နေရာမှာ ရာဘား မူးယစ်ဆေး သုံးကြမယ်ဆိုပြီး ခေါ်လာခဲ့ကြပါတယ်။ တရားခံနှစ်ဦးဟာ မော်လီကို လိင်ဆက်ဆံဖို့ ကြိုးစားတာကို မိန်းခလေးက အလိုမတူ လက်မခံသဖြင့် တရားတွေဟာ မော်လီကို ရိုက်နှက် မုဒိန်းကျင့်ခဲ့ပါတာ်။ အဲဒီနောက် ပါလာတဲ့ဓါးနဲ မော်လီရဲ့ ရင်အုံနဲ့ လည်ပင်းကို အချက်ပေါင်းများစွာ ထိုးသတ်ခဲ့ပြီး အလောင်းကို ရေမြောင်း တခုမှာပြစ်ချထားကာ တရားခံနှစ်ဦး လမ်းခွဲ ထွက်ပြေးသွားခဲ့ကြတာဖြစ်ပါတယ်။
ဘန်ကောက်က အမှုလိုက်ရဲတွေဟာ အဓိကတရားခံ အောင်တင်ဝင်းကို မဲဆောက်မြို့မှာ ဖမ်းဆီးနိုင်ခဲ့ပြီး ဒုတိယတရားခံ ဆွေကြည်ကိုတော့ ဘန်ကောက်မြို့နယ်တခုအတွင်းမှာ လိုက်လံဖမ်းဆီးနိုင်ခဲ့ပါတယ်။

သတင်းရင်းမြစ်-SAW(manageronline)



Follow us on