1. Home
  2. Good Morning Myanmar

ဗေဒါထုတ်ကုန်ပစ္စည်းတွေကို ပြည်ပကို ပိုမိုတင်ပို့ရောင်းချဖို့ ဗေဒါမှ တန်ဖိုးမြှင့် နည်းပညာ လူသုံးကုန်ပစ္စည်းထုတ် သင်တန်းပို့ချ

Good Morning Myanmar ส.ค. 31, 2560 view 1,473

ဗေဒါထုတ်ကုန်ပစ္စည်းတွေကို ပြည်ပကို ပိုမိုတင်ပို့ရောင်းချဖို့ လုပ်ဆောင်နေပြီဖြစ်ပြီး ဗေဒါလုပ်ငန်းဖွံ့ဖြိုးတိုးတက်နိုင်ဖို့ကိုတော့ လုပ်ငန်းရှင်တွေကို သြဂုတ်လ(၂၈)ရက်ကနေ စက်တင်ဘာ (၉)ရက်အထိ အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာနက ဗေဒါမှ တန်ဖိုးမြှင့် နည်းပညာ လူသုံးကုန်ပစ်္စည်းထုတ်သင်တန်းပို့ချပေးသွားမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ဗေဒါထုတ်ကုန်ပစ္စည်းတွေကို လွန်ခဲ့တဲ့(၁၅)နှစ်က စတင်ထုတ်လုပ်ခဲ့ပေမယ့် နည်းပညာအခက်အခဲကြောင့် အဆင်ပြေမှုမရှိခဲ့ဘူးလို့သိရပါတယ်။ လွန်ခဲ့တဲ့ (၂)နှစ်က စတင်ပြီး ဗေဒါထုတ်ကုန်ပစ္စည်းတွေကို ပြန်လည်ထုတ်လုပ်ခဲ့ကာ အခုအချိန်မှာတော့ ပြည်ပကိုတင်ပို့ ဖို့ပါ စီစဉ်နေပြီလို့သိရပါတယ်။အလေ့ကျပေါက်နေတဲ့ ဗေဒါပင်တွေကနေ တန်ဖိုးမြင့်လက်မှု နည်းပညာသုံးကုန်ပစ္စည်းပြုလုပ်နိုင်စေဖို့၊ကျေးလက်နေပြည်သူတွေ လူမှုစီးပွားဘ၀ဖွံ့ဖြိုး တိုးတက်ဖို့၊ ထုတ်ကုန်တွေကို ဈေးကွက်ဝင်အရည်အသွေးထုတ်လုပ်နိုင်ဖို့ရည်ရွယ်ပြီး အခုလိုသင်တန်းတွေကို ပို့ချပေးတာဖြစ်တယ်လို့ပြောပါတယ်။

 ဗေဒါကနေ ဖိနပ်၊အိတ်၊ခြင်း၊ပရိဘောဂပစ်္စည်းစတဲ့ တန်ဖိုးမြှင့်အသုံးအဆောင်တွေကို ထုတ်လုပ်နေသလို ဒီသင်တန်းကနေတစ်ဆင့် စိတ်ဝင်စားသူတွေပိုမိုများပြားလာရင် ဗေဒါမွေးနည်း၊ ခူးနည်း၊လှမ်းနည်း၊ပြုပြင်နည်းတွေနဲ့အတူ ဗေဒါကျစ်ရုံတွေပေါ်ပေါက်လာကာ စက်ရုံတွေအတွက် တစ်ပိုင်းကုန်ချောတွေထုတ်လုပ်ပေးနိုင်ဖို့ အထိရည်ရွယ်ထားတယ်လို့သိရပါတယ်။လက်ရှိမှာတော့ ဗေဒါထုတ်ကုန်ပစ်္စည်းတွေကို ပြည်တွင်းဈေးကွက်မှာ ဟိုတယ်၊ စားသောက်ဆိုင်များအတွက် အဓိကအသုံးပြုနေပြီး ဂျပန်၊ကိုရီးယား၊စင်ကာပူ၊ဥရောပတို့ကို တင်ပို့မှုတွေရှိနေတယ်လို့လည်းသိရပါတယ်။



Follow us on