1. Home
  2. Movie Stars - Celebrity

ချစ်သူရဲ့ နှစ်ယောက်ပြိုင်တွဲခြင်းကို ခံရပြီးနောက် single ဖြစ်သွားပြီဆိုတဲ့ မြတ်သူအောင်

Movie Stars - Celebrity ส.ค. 31, 2560 view 1,697

ကာရိုက်တာ မျိုးစုံကို သဘာဝ ကျကျ သရုပ်ဆောင်ပြီး ပရိတ်သတ်အခိုင် အမာ ရပြီးသားဖြစ်တဲ့ သရုပ်ဆောင် မြတ်သူအောင်ဟာ ဇာတ်ကားထဲမှာ ပွေရှုပ်နေတဲ့ ကာရိုက်တာတွေ သရုပ်ဆောင်ခဲ့ ပေမယ့် အပြင်မှာတော့ အခု လို မဟုတ်ပါဘူးလို့ ပြောထားပါတယ် ။

“ကျွန်တော်အပြင် ကာရိုက်တာကကျတော့ ဇာတ်ကားတွေထဲကလို မဟုတ်ပါဘူး ရည်းစားလဲ မရှုပ်ဘူး တစ်ယောက်နဲ့ ပြတ်သွားရင်တော့ နောက်တစ်ယောက်တွဲတာပေါ့ ။ သေချာတာတစ်ခုကဘယ်တော့မှ ကျွန်တော်က နှစ်ယောက်ကို တစ်ပြိုင်ထဲမတွဲဘူး ။ ကျွန်တော် ချစ်တဲ့ သူက ကျွန်တော့အပြင် အခြားတစ်ယောက်နဲ့ တွဲတာမျိုးကိုတော့ ကျွန်တော်ခံခဲ့ရတယ်။ အခုတော့ ကျွန်တော့ အချစ်ရေးက signal ပြန်ဖြစ်နေပါပြီ။   ရှင်းရှင်းပြောရရင် ကျွန်တော့ကို မချစ်လို့ ထားသွားကြတာပေါ့နော် ။ ပရိတ်သတ်သိတဲ့ သူတစ်ယောက်ကပဲ ကျွန်တော့ကို တပြိုင်ထဲ တွဲခံရတာပါသင်ခန်းစာ အကြီးကြီးတခုရခဲ့တယ် ။ သူ့လုပ်ရပ်ကြောင့် ကျွန်တော့်ရဲ့ စိတ်ဓာတ်လဲ တိုးတက်လာပြီလို့ထင်တယ် ။ အရင်တုန်းကဆို ကျွန်တော်ကြိုက်တဲ့ ကောင်မလေးတစ်ယောက်က တခြားကောင်လေးတစ်ယောက်နဲ့ ပတ်သတ်ရင် အရင်ကတော့ ဒေါသဖြစ်တယ် အခုတော့ စိတ်ထဲမထားတော့ဘူး ။ခုနောက်ပိုင်းတွေမှာ အရမ်းကို ခက်ခဲတဲ့မကြုံဘူးတဲ့ အခက်အခဲတွေ ကို ကြုံတွေ့ခဲ့ ရတယ် ။ အခုတော့ အလုပ်တွေ ကို အများကြီးပြန်လုပ်နေပါပြီ ကြိုးလဲ ကြိုးစားနေပါတယ် ။ အလုပ်တခုကို တစ်စိုက်မတ်မတ်လုပ်ရင် နေရာတစ်နေရာပြန်ရမယ်လို့ ထင်ပါတယ်” ဆိုပြီး အချစ်ရေးနဲ့ ပတ်သတ်ပြီးခံစားခဲ့ ရတာတွေကို ပြောသွားလဲ့ ပါတယ် ။

credit:oasis



Follow us on