1. Home
  2. Movie Stars - Celebrity

သမီးကို သရုပ်ဆောင်မလုပ်စေချင်တဲ့ ဖေဖေကျော်ရဲအောင်

Movie Stars - Celebrity ก.ย. 01, 2560 view 2,161

ရုပ်ရှင်လောကမှာ သဘာဝမင်းသားအဖြစ် ပရိသတ်အသိမှတ်ပြုထားခံရပြီး အောင်မြင်မှုတွေ ရရှိထားတဲ့ မင်းသားကျော်ရဲ့အောင်က သူရဲ့ သမီးဖြစ်သူ မှုံနံသာကျော်ရဲအောင် သရုပ်ဆောင် အလုပ်လုပ်တာကိုတော့ သဘောမကျဘူးလို့ မှုံနံသာကျော်ရဲအောင်က ပြောကြားပါတယ်။

လက်ရှိမှာ ရုံတင်တော့မယ့် “ဆယ်လီ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ကလေးသရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ မှုံနံသာကျော်ရဲအောင်က အောက်ပါအတိုင်းပြောကြားထားပါတယ်။

'ဆယ်လီ'ဇာတ်ကားရဲ့ ဇာတ်လမ်းလေးက အရမ်းကောင်းတယ်ဆိုပြီးတော့ ဦးပေါက်(ဒါရိုက်တာကိုပေါက်)နဲ့ ဦးမိုးဦး(ဒါရိုက်တာကျော်ဇောလင်း-အတွေးပုံရိပ်)က လာပြီးတော့ပြောတယ်။ ညီမကိုလာကမ်းလှမ်းတာဆိုပေမယ့်လည်း ညီမအဖေ (သ ရုပ်ဆောင် ကျော်ရဲအောင်)နဲ့တိုင်ပင်ကြည့်တော့ ဖေကြီးကလည်း သဘောတူတာနဲ့ ပါဝင်သရုပ်ဆောင်ဖြစ်သွားတာပါ

ကျောင်းသူလေးနေရာက သရုပ်ဆောင်ရတာမို့ ထူးခြားတဲ့ပြင်ဆင်မှုတွေ အများကြီးမလုပ်ခဲ့ရပေမယ့် ပထမဆုံးဇာတ်ကားဖြစ်တဲ့အတွက် အခက်အခဲတွေ အများကြီးကြုံတွေခဲ့ရတယ်လို့ ဆိုပါတယ်။


“ဖေကြီးကတော့ သရုပ်ဆောင်ပိုင်းနဲ့ပတ်သက်ပြီးတော့ သင်ပြတာတွေသိပ်မရှိဘူး။ ဒီအတိုင်း ပြော တော့ပြောပြတယ်။ ဖေကြီး ရိုက်ကွင်းမှာရိုက်ထားတဲ့ ကာရိုက်တာပုံစံမျိုးတွေကိုတော့ အမြဲတမ်းပြောပြတယ်။
ဖေကြီးကတော့ အရမ်းကြီးထောက်ခံတဲ့အထဲမှာတော့ မပါဘူး။ ဖေကြီးက ပညာရေးကိုပဲ ညီမကို ဦးစားပေးပြီးတော့ လုပ်စေချင်တယ်။ ဒါပေမဲ့ ညီမက သရုပ်ဆောင်လုပ်ရတာကို ဝါသနာပါတော့ ပိတ်ပင် တာတော့မရှိပေမယ့် သဘောတော့မကျဘူးပေါ့နော်


ဟု ပြောကြားခဲ့ပါတယ်။

သတင်းရင်းမြစ်-ဒီမိုကရေစီတူဒေး




 



Follow us on