1. Home
  2. Good Morning Myanmar

အလုပ်သမားများရဲ့ကျန်းမာရေးအတွက် လူမှုဖူလုံရေးဆေးရုံနှင့်ဆေးခန်းများ လုံလောက်မှုမရှိသေး

Good Morning Myanmar ก.ย. 01, 2560 view 1,412

အလုပ်သမားများရဲ့ကျန်းမာရေးအတွက် လူမှုဖူလုံရေးဆေးရုံနှင့် ဆေးခန်းတွေ လုံလောက်မှု မရှိသေးဘူးလို့ သြဂုတ်လ(၂၉)ရက်က လှိုင်သာယာ ကနောင်ခန်းမမှာ ပြုလုပ်တဲ့ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊အမျိုးသားလွှတ်တော်အလုပ်သမားရေးရာကော်မတီဥက္ကဌ၊အဖွဲ့ဝင်များနဲ့ လှိုင်သာယာမြို့နယ်အလုပ်သမားအဖွဲ့အစည်းများတွေ့ဆုံပွဲက သိရပါတယ်။ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊အမျိုးသားလွှတ်တော် အလုပ်သမား ရေးရာကော်မတီဥက္ကဋ္ဌနဲ့အဖွဲ့ဝင်တွေဟာ သြဂုတ်လ(၂၈)ရက်နဲ့(၂၉)ရက်က လူမှုဖူလုံရေးဆေးရုံ နဲ့ဆေးခန်းတွေကို လိုက်လံကြည့်ရှုခဲ့ပါတယ်။

အခုလို လူမှုဖူလုံရေးဆေးရုံနဲ့ဆေးခန်းတွေကို ကြည့်ရှုခဲ့ရာမှာ အလုပ်သမားတွေရဲ့ကျန်းမာရေးအတွက် လူမှုဖူလုံရေးဆေးရုံနှင့်ဆေးခန်းတွေ များစွာလိုအပ်နေပြီး ရှိနေတဲ့ဆေးရုံ၊ဆေးခန်းတွေမှာလဲ ဆရာဝန်တွေ၊သူနာပြုတွေလိုအပ်နေ သေးတယ်လို့ ပြောပါတယ်။အလုပ်သမားတွေအနေနဲ့လည်း လူမှုဖူလုံရေးဆေးရုံနဲ့ဆေးခန်းတွေမှာ ဆရာဝန် အင်အား၊ဆေးခန်းအရေအတွက်နဲပါးနေသေးတာကြောင့် ဆေးခန်းပြရာမှာ အခက်အခဲဖြစ်နေတယ်လို့ ပြောပါတယ်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေနဲ့ အခုလို လူမှုဝန်ထမ်းဆေးရုံဆေးခန်းလုံလောက်မှုမရှိတဲ့အတွက် လူမှုဖူလုံရေးဆေးရုံ၊ဆေးခန်းတွေ ထပ်မံဆောက်လုပ်ဖို့ရှိကြောင်း၊ဆောက်လုပ်ဖို့အတွက် မြေနေရာအခက်အခဲရှိနေကြောင်း ဆောက်လုပ်ပြီးပါက ဆရာဝန်၊သူနာပြု ထပ်မံဖြည့်ဆည်းသွားဖို့ရှိကြောင်း ပြောကြားခဲ့ပါတယ်။ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊အမျိုးသားလွှတ်တော် အလုပ်သမားရေးရာ ကော်မတီဥက္ကဋ္ဌ၊အဖွဲ့ဝင်တွေအနေနဲ့ လူမှုဖူလုံရေးဆေးခန်းတွေ၊ဆေးရုံတွေရဲ့လိုအပ်ချက်တွေကို သေချာလေ့လာပြီးပါက လွှတ်တော်မှာ တင်ပြသွားမယ်လို့သိရပါတယ်။



Follow us on