1. Home
  2. Good Morning Myanmar

ပဲစင်းငုံနှင့် မတ်ပဲများကို ဈေးတစ်ခုသတ်မှတ်ပြီး ထိန်းသိမ်းထားဖို့ အစိုးရက ဘဏ္ဍာရေးအထောက်အပံ့ပေးမယ်

Good Morning Myanmar ก.ย. 01, 2560 view 1,403

သြဂုတ်လ ၂၈ ရက်ကကျင်းတဲ့ ဒုတိယသမ္မတနှင့်မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းနဲ့ ပုံမှန်တွေ့ဆုံပွဲမှာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားလိုက်တာပါ။ မြန်မာနိုင်ငံရဲ့ အဓိကလယ်ယာထွက်ကုန်ဖြစ်တဲ့ ပဲစင်းငုံနှင့်မတ်ပဲကို အိန္ဒိယနိုင်ငံကို အဓိကရောင်းချနေတာပါ။မြန်မာနိုင်ငံမှာ ပဲစင်းငုံတန်ချိန်တစ်သိန်းနဲ့မတ်ပဲတန်ချိန်သုးံသိန်း ကျန်ရှိ နေတဲ့ကာလဖြစ်တဲ့ သြဂုတ်တတိယအပတ်မှာတော့ အိန္ဒိယနိုင်ငံက ပြည်ပမှပဲတင်သွင်းမှုကို တန်ချိန်သုံးသိန်းသာတင်သွင်းမယ်လို့ ကြေညာလိုက်တာကြောင့် မြန်မာနိုင်ငံက ပဲလုပ်ငန်းရှင်တွေ လက်ကျန်ပဲတွေအတွက် အခက်အခဲဖြစ်ပေါ်နေတာပါ။

ဒါ့အပြင် ဒီဇင်ဘာလလောက်မှာလည်း ပဲစင်းငုံအသစ်တွေပေါ်လာမှာဖြစ်လို့ ဒီပဲတွေကို ဈေးတစ်ခုသတ်မှတ်ပြီး ထိန်းသိမ်းထားနိုင်ဖို့ ပဲလုပ်ငန်းရှင်တွေ ပဲနှမ်းအသင်းနှင့်အစိုးရပူးပေါင်းပြီး ဘဏ္ဍာရေးအထောက်အပံ့တွေ ပေးသွားမယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။သြဂုတ်လ ၂၅ ရက်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အပါအ၀င် စီးပွားရေးဝန်ကြီးဌာနတို့က ပြည်ထောင်စုဝန်ကြီးတွေနဲ့ပဲလုပ်ငန်းရှင်တွေ နေပြည်တော်မှာ တွေ့ဆုံပြီး ပဲအကျပ်အတည်းကို ဆွေးနွေးခဲ့ရမှာတော့ အချက် ၁၀ ချက်ကို သဘောတူခဲ့တယ်လို့ သိရပါတယ်။

ပဲကိစ္စအကျပ်တည်းဟာ ကုန်သွယ်ရေးကဏ္ဍအတွက် ကြီးမားတဲ့ သင်ခန်းစာ ယူရမယ့်ကိစ္စဖြစ်တဲ့အပြင် ကုန်သည်လုပ်ငန်းရှင်တွေအနေနဲ့လည်း အကျိုးမြတ်လည်းရ၊ တောင်သူတွေလည်း အကျိုးရှိဖို့နဲ့ နိုင်ငံတော်အတွက်လည်း GDP တိုးအောင်ဆောက်ရွက်ကြဖို့ တာဝန်ရှိသူတွေက တိုက်တွန်းခဲ့ပါတယ်။



Follow us on