ယနေ့ခေတ်မှာ အိမ်ဈေး၊ မြေဈေးတွေ ကြီးမြင့်လာတဲ့နောက် လူတွေဟာ သက်သက်သာသာနဲ့ အလွယ်တစ်ကူ ပေါ့ပေါ့ပါးပါး ရွှေ့ပြောင်းနိုင်မယ့် ဘီးတပ်အိမ်လေးတွေကို စိတ်ဝင်စားလာကြပါတယ်။ ဘီးတပ်အိမ်လေး ဖြစ်လို့ ဘယ်နေရာကိုသွားသွား ကားနဲ့ဆွဲသွားလိုက်ရုံပဲ ဖြစ်ပါတယ်။
၁၆၀ စတုရန်းပေသာရှိတဲ့ အိမ်လေးထဲမှာ အားလုံးပြည့်ပြည့်စုံစုံ ထားနိုင်ပါ့မလားလို့ သံသယဝင်စရာ ကောင်းပါတယ်။ ဒါပေမယ့် အိမ်လေးထဲကို ရောက်သွားတဲ့အခါမှာတော့ အံ့မခမ်းလောက်တဲ့ ဖွဲ့စည်းထားမှုကြောင့် ထင်မှတ်မထားလောက်အောင် ပြည့်စုံနေတာကို တွေ့ရမှာဖြစ်ပါတယ်။
ဒီအိမ်လေးတွေကို “Poco Pink” လို့ အမည်ပေးထားပြီး Tiny Living ဒီဇိုင်းပညာရှင်အဖွဲ့က တည်ဆောက်ပေးထားတဲ့ ချစ်စရာကောင်းတဲ့ အိမ်လေးတွေ ဖြစ်ပါတယ်။
Tiny Living က အိမ်လေးတွေရဲ့ အတွင်းခန်းမှာ ပါဝင်တဲ့ဖွဲ့စည်းပုံ စံချိန်နဲ့ အမျိုးကွဲ အိမ်ဒီဇိုင်းတွေကိုလည်း ဆောက်လုပ်ပေးနေပါတယ်။ အိပ်ခန်း၊ ထမင်းစားစားပွဲ၊ မီဖိုဆောင်၊ အိမ်သာ ရေချိုးခန်း၊ အဝတ်အစားထားရန်နေရာ တို့အားလုံး စုံစုံလင်လင်ပါရှိပါတယ်။
အိမ်အတွင်းခန်း စုံစုံလင်လင်ပါရှိတဲ့ “Poco Pink” ချစ်စရာအိမ်လေးတွေကို ဒေါ်လာ ၃၅,၀၀၀ နဲ့ ရောင်းချပေးပါတယ်။ မြန်မာနိုင်ငံအတွက်တော့ ဈေးနှုန်း များသလို ရှိနေပေမယ့် အိမ်လေးရဲ့ အတွင်းအပြင် ဒီဇိုင်းလေးတွေကို ကြည့်ပြီး ဒီထက်ပိုသက်သာတဲ့ နည်းနဲ့ ဆောက်လုပ်နိုင်မလားဆိုတာ လေ့လာနိုင်ပါတယ်။