သိမ်ကြီးဈေးက အမျိုးသားဝတ်ပုဆိုးဈေးကွက်မှာ အိန္ဒိယနိုင်ငံထုတ် ပုဆိုးတွေအရင်ကထက် ရောင်းကောင်းပြီး လူ ကြိုက်များလာပါတယ်။ အဲသည်ပုဆိုးတွေက အခြားပုဆိုးကွင်းတွေထက် ကွင်းကျယ်ပြီး ရှည်တာကြောင့် ဝတဲ့သူတွေနဲ့ အရပ်ရှည်သူတွေအတွက်အဆင်ပြေပါတယ်။ ပွဲတက်ပုဆိုးနဲ့ ရိုးရိုးဝတ်ပုဆိုးဆိုပြီး နှစ်မျိုးရှိပါတယ်။ ပုဆိုးရဲ့ဒီဇိုင်းပုံစံက မြန်မာနိုင်ငံကထွက်တဲ့အကွက်စိပ်ပုံစံမျိုးမဟုတ်ဘဲ အကွက်အကြီးတွေ၊ အရိပ်ပေါ်လိုပုံစံအဆင်ကြီးတွေ၊ ဗြောင်တွေပေါ်မှာ အရိပ်လိုပုံစံ၊ ကတုံးလေးတွေနဲ့ ဗြောင်ပုံစံ၊ ခြစ်ရာဒီဇိုင်းပုံစံတွေနဲ့ ပုံစံအမျိုးမျိုးဈေး ကွက်ဝင်နေပါတယ်။
သည်ပုဆိုးတွေရဲ့ဈေးနှုန်းက အနည်းဆုံး ကျပ် ၄၀ဝ၀ ကျော်ကနေ ကျပ် ၁၂,ဝ၀ဝ အထိရှိပါတယ်။ ချည်သားနဲ့ပြုလုပ်ထားတဲ့အတွက်သက်သောင့် သက်သာနဲ့ ဝတ်လို့ကောင်းတယ်လို့ သိမ်ကြီးဈေးမှာအထည်ရောင်းတဲ့ပိုင်ရှင် ကိုဝင်းကိုက ဆိုပါတယ်။ သူက မြန်မာထုတ်ပုဆိုးတွေလဲ ရောင်းနေရပါတယ်၊ ဒီပုဆိုးနဲ့ တန်ဖိုးတူရင် အိန္ဒိယပုဆိုးက ဈေးနှုန်းပိုသက်သာတယ်၊ အရင်က မဝတ်ဖူးသူတွေ တောင် အခုဆိုအစမ်းသဘောမျိုးနဲ့ လာဝယ်ကြတယ်၊ နယ်တွေကိုလဲပို့နေရပြီလို့ ပြောပါတယ်။မြန်မာဝတ်ပုဆိုးတွေရဲ့ဈေးနှုန်းက ရိုးရိုးပုံစံက အနည်းဆုံး ကျပ် ၃၀ဝ၀ ကနေ ၁၀,ဝ၀ဝ ကျော်ပွဲတက်က ကျပ် ၁၀,ဝ၀ဝ ကျော်ကနေ သိန်းဂဏန်း အထိရှိပါတယ်။
Credit : kumudranews