1. Home
  2. Movie Stars - Celebrity

ရုပ်ရှင်ရွေးကောက်ပွဲမှာ သရုပ်ဆောင် အလွှာကနေဝင်ရောက် ရွေးချယ်ခံမယ် ခန့်စည်သူ

Movie Stars - Celebrity ก.ย. 04, 2560 view 1,427

၂၀၁၈ ခုနှစ်အတွက်အလုပ်အမှုဆောင်သစ်များ ရွေးချယ်ပွဲမှာ သရုပ်ဆောင်အလွှာကနေ ဝင်ရာက်ရွေးချယ်ခံသွားမှာဖြစ်ပါတယ်။ဒီအလုပ်အမှုဆောင်သစ်ရွေးချယ်ပွဲမှာ ရွေးချယ်ခံရသည်ဖြစ်စေ၊ မခံရသည်ဖြစ်စေ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကို ဝန်းရံပေးသွားမှာပါလို့ဆိုပါတယ်။

"ရုပ်ရှင်အစည်းအရုံးမှာတော့ ကျွန်တော်က သရုပ်ဆောင်အလွှာကနေ ဝင်ပြီးအရွေးခံမှာပါ။အရွေးခံရသည် ဖြစ်စေ၊ အရွေးမခံရသည် ဖြစ်စေ၊ အရွေးခံရရင်လည်းအတွင်းစည်းကနေ ကျွန်တော် တစ်ဖက်တစ်လမ်းကနေ ရုပ်ရှင်ရယ်၊ နောက်ပြီး ဗီဒီယိုကို ပြန်လည်ရှင်သန်စေချင်လို့ ဝိုင်းဝန်းကြိုးစားသွားမှာပါ။"

အခုလက်ရှိမြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးရဲ့ အလုပ်အမှုဆောာင်များနဲ့ ပတ်သက်ပြီး ခန့်စည်သူက...."သူတို့လည်း တတ်နိုင်သလောက်တော့ လုပ်နိုင်သလောက်လုပ်တာပဲ။ဒါပေမဲ့ တိုင်းပြည်အခြေနေက အဘက်ဘက်ကမတိုးတက်သေးတဲ့အချိန်မှာ ရုပ်ရှင်ကလည်း ချက်ချင်းကြီး တိုးတက်ဖို့ဆိုတာ သိပ်မလွယ်ကူလှပါဘူး"လို့ပြောပါတယ်။ လတ်တလောမှာ ခန့်စည်သူက ရွှေသံစဉ် ထုတ်လုပ်ရေးအတွက် "ကျွန်တော်ပြောရင် လွဲခဲတယ်" ဗီဒီယိုဇာတ်ကားကို ရတနာဗိုနဲ့ ရိုက်ကူးခဲ့ပြီး ဒါရိုက်တာပြည်ဟိန်းသီဟနဲ့ ပြင်ဦးလွင်မှာ ဇာတ်ကားသွားရောက်ရိုက်ကူးဖို့ရှိကြောင်းသိရပါတယ်။

Credit : Popular Journal



Follow us on