1. Home
  2. Movie Stars - Celebrity

လင်းလင်း စီစဉ်နေတဲ့ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိစီးရီး

Movie Stars - Celebrity ก.ย. 04, 2560 view 1,985

သံစဉ်များနဲ့ သီပြီးစီရီးတစ်ခွေအဖြစ် ပုံဖော်ဖို့ကြိုးစားနေတာ တစ်နှစ်ကျော်ဝန်းကျင်ရှိဖြစ်ပြီး ပြင်ဆင်ချိန်ကို ၂နှစ်ခွဲ၃နှစ်ဝန်းကျင်ထိ ယူထားတယ်လို့လည်း သိရပါတယ်။ “တကယ်တမ်းထဲထဲဝင်ဝင်နဲ့ ဗိုလ်ချုပ်ဘဝကိုသီချင်းခွေ အဖြစ်နဲ့ပုံဖော်မယ်ဆိုတဲ့အခါ ဗိုလ်ချုပ်သမိုင်းက အကြီးကြီးပဲ။အဲဒါကို ဂီတနဲ့တွဲပြီး အစအဆုံးတင်ပြမယ်ဆိုတဲ့အခါ ခေါင်းကြီးရတဲ့အပိုင်းတွေအများကြီးရှိတယ်။ဗိုလ်ချုပ်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေ အကုန်လုံးကိုလိုက်ဖက်နေရတာနဲ့တင် စာအုပ်တွေကိုမနည်းဘူး။တစ်အုပ်တည်းကို ဒီတိုင်းပဲ စာဖတ်သလိုဖတ်သွားလို့ရတယ်။

ဒါပေမဲ့ ကျွန်တော်က အတ္ထုပ္ပတ္တိကို သေချာလုပ်မှာဖြစ်တဲ့အတွက် သေချာအမှားအမှန်တွေစုဆောင်း၊ စာအုပ်တစ်အုပ်ချပြီး သတ်သတ်မှတ်ထားရတယ်။ပြီးရင်သီချင်းအနေနဲ့ဖန်တီးဖို့ ဆိုဘယ်အပိုင်းကို ဘယ်လိုသံစဉ်စသဖြင့် စဉ်းစားရတာ အများကြီးပါပဲ။တကယ်တော့ Team တွေ ဘာတွေဖွဲ့ပြီး အချက်အလက် စုဆောင်းတဲ့အဖွဲ့က သတ်သတ်၊ အမှားအမှန် ပြန်တိုက်တာနဲ့ ပါဝင်သင့်တဲ့ အကြောင်းအရာတွေကို ပြုစုတာကသတ်သတ်၊ ပြီးတော့မှ Music ကို ဖန်တီးတာက သတ်သတ်ပေါ့၊အခုတော့ ဒါတွေအကုန်လုံးကို တစ်ယောက်တည်း လုပ်နေတာဖြစ်တဲ့အတွက် ခန့်မှန်းချိန်ထက် ပိုကြာမယ့်သဘောတော့ရှိတယ်။ဒါပင်မဲ့ ကျွန်တော်ဘဝမှာ မဖြစ်မနေ မထွက်ထွက်အောင်လုပ်မယ်လို့ ဆုံးဖြတ်ချက်ချထားတယ်” လို့ လင်းလင်း ကပြောပြီးလတ်တလောမှာတော့ ဗိုလ်ချုပ်နဲ့ပတ်သက်တဲ့ သီချင်း၅ပုဒ်ခန့်ပြီးနေပြီလို့လည်း သိရပါတယ်။

Credit : Popular Journal



Follow us on