1. Home
  2. Good Morning Myanmar

YBS ယာဉ်လိုင်းများမှာမောင်းနှင်မယ့် ယာဉ်မောင်းများ လုံလောက်မှုမရှိသေး

Good Morning Myanmar ก.ย. 05, 2560 view 1,585

ရန်ကုန်မြို့တွင်းပြေးဆွဲနေတဲ့ YBSယာဉ်လိုင်းတွေမှာ မောင်းနှင်မယ့်ယာဉ်မောင်းများ လုံလောက်မှုမရှိသေးဘူးလို့YUPT ကုမ္ပဏီမှတာဝန်ရှိသူက ပြောပါတယ်YUPT ကုမ္ပဏီ လက်အောက်ရှိ ယာဉ်သစ်တွေမှာမောင်းနှင်မယ့် ယာဉ်မောင်းဦးရေ(၁၀၀)ကျော် လောက်လိုအပ်နေတာ ဖြစ်တယ်လို့သိရပါတယ်။ လက်ရှိYBS (၆၅)ယာဉ်လိုင်းမှာ မောင်းနှင်နေတဲ့ ယာဉ်မောင်းတွေက လည်း ခရီးစဉ်ရှည်တဲ့အတွက်မမောင်းနိုင်တော့ဘဲ ထွက်သွားတာတွေကြောငYBS (၆၅)ယာဉ်လိုင်းမှ အစီးရေ(၂၀)လောက် ရပ်ထားရတယ်လို့ပြောပါတယ်။

ဒီလို YBS ယာဉ်လိုင်းမှာ မောင်းနှင်နေကြတဲ့ယာဉ်မောင်းတွေထဲမှာHighway လမ်းတွေမှာ မောင်းနှင်တဲ့ ယာဉ်မောင်းများ၊တက္ကစီယာဉ်မောင်းများလည်း ပါဝင်ပါတယ်။ ဒီယာဉ်မောင်းတွေဟာ ယခင်ကမြို့တွင်း၊ မြို့ပြင်မောင်းနှင်လာကြတာဖြစ်တဲ့အတွက် အလေ့အထ မတူညီမှုတွေလည်းရှိသလို YBS ယာဉ်လိုင်းမောင်းနှင်တဲ့အခါမှာလည်း ယာဉ်နောက်လိုက်မပါတာ ကြောင့် ယာဉ်မောင်းတစ်ဦးထဲသာ တာဝန်ယူနေရတဲ့အတွက် အခက်အခဲတွေရှိတယ်လို့လည်း သိရပါတယ်။

အခုလို YBS ယာဉ်လိုင်းတွေမှာ ယာဉ်မောင်းတွေလိုအပ်နေတဲ့အတွက် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့အနေနဲ့ အပတ်စဉ် အလိုက် ယာဉ်မောင်းသင်တန်းသားတွေခေါ်ယူပြီး အောင်မြင်သွားတဲ့ ယာဉ်မောင်းတွေကို အများပိုင်ကုမ္ပဏီလက်အောက်ရှိ YBS ယာဉ်လိုင်းတွေမှာ မျှဝေချထားပေးနေတယ်လို့သိရပါတယ်။



Follow us on