1. Home
  2. Good Morning Myanmar

ပုဇွန်တောင်မြို့နယ် ၅၂လမ်းတွင် နေ့ညရောင်းချမည့် ဈေးသစ် ယခုလ အတွင်း ဖွင့်လှစ်မည်

Good Morning Myanmar ก.ย. 05, 2560 view 1,412

ပုဇွန်တောင်မြို့နယ် ၁၀ ရပ်ကွက်၊အနော်ရထာလမ်းထိပ် ၅၂ လမ်းမှာ နေ့ရောညပါ ရောင်းချမယ့်ဈေးတန်းတစ်ခုကို စက်တင်ဘာလဒုတိယအပတ်အတွင်း ဖွင့်သွားမယ်လို့သိရပါတယ်။ နေ့ညရောင်းချနိုင်မယ့် ၅၂လမ်းဈေးသစ်မှာ ရှစ်ပေပတ်လည်လေးတိုင်စင်တဲလုံး ၁၅၀ ခင်းနိုင်ဖို့ ရည်ရွယ်ထားပေမဲ့ နေရာအခက်အခဲကြောင့်(၁၃၆)လုံးပဲ နေရာရမယ်လို့သိရပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းလမ်းနဲ့ အနော်ရထာလမ်းထောင့်ရှိ လူသွားလမ်းတွေမှာ ကျူးကျော်ရောင်းချနေတဲ့ ဈေးသည်တွေကို ယခုနေရာချနေဆဲဖြစ်ပြီး ၅၂ လမ်း နေ့ညဈေးမှာ ရောင်းချခွင့်ပေးသွားမယ်လို့သိရပါတယ်။ ၂၀၁၇ ဇန်န၀ါရီလတည်းက ယခုဈေးသစ်မှာရောင်းချဖို့ ဈေးသည်တွေက ဖောင်တင်ထားပြီး နံနက်ဈေးမှာရောင်းချမယ့် ဈေးသည် ၉၂ ယောက်နဲ့ ညဘက်ဈေးမှာရောင်းမယ့် ဈေးသည် ၁၁၉ ဦးရှိတယ်လို့သိရပါတယ်။

ဈေးဆိုင်တန်း (၄)ခုခွဲပြီး A,B,C,D သတ်မှတ်ထား တာကြောင့် ဈေးသည်တွေကိုမဲနှိုက်ပြီး ဆိုင်ခန်းနေရာသတ်မှတ်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ ယခုစီစဉ်နေတဲ့ အနော်ရထာလမ်းထိပ် ၅၂ လမ်း နေ့ညဈေးသစ်နေရာကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ပြုပြင်ပေးထားတာဖြစ်ပြီး ဈေးစည်းကမ်း ထိန်းသိမ်းရေးကော်မတီအဖွဲ့ ဖွဲ့သွားဖို့ ရှိတယ်လို့သိရပါတယ်။



Follow us on