1. Home
  2. Good Morning Myanmar

ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများ၊လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာ ၀န်ထမ်းများအတွက်

Good Morning Myanmar ก.ย. 05, 2560 view 1,427

ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ် များကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် ဒေသခံပြည်သူများအတွက် တပ်မတော် (ကြည်း၊ရေ၊လေ)မိသားစုများနှင့် အနယ်နယ်အရပ်ရပ်မှ စေတနာရှင်အလှူရှင်များက လှူဒါန်းသည့် စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများအား တပ်မတော်လေယာဉ်ဖြင့် စစ်တွေလေဆိပ်သို့ ဆက်လက် ပို့ဆောင်ပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါ စားသောက်ကုန်များနှင့်လူသုံးကုန်ပစ္စည်းများတွင် အ၀တ်အထည် ၁၀၀၀ ထည်၊ ဟင်းရွက်ဆီဘူး ၁၀၀၀ ဘူး၊ ငါးပိဘူး ၇၀၀ ဘူး၊ အာဟာရမှုန့် ၁၅ ဖာ၊ မိုးကာလိပ် ၁၀ လိပ်၊ ငါးသေတ္တာ ၂၀ ဖာနှင့် ငါးထုပ်၊ အာလူး အိတ် ၄၀ အိတ်၊ ကြက်သွန်နီ ၁၂ အိတ်၊ ချင်းတစ်အိတ်၊ စောင်ထုပ် သုံးထုပ်၊ အသင့်စား ငါးပိငါးခြောက်၊အကြော်စုံ ၅၉ ဖာနှင့် ၆၀ ဘူး၊ ကြက်ဥ ၁၂၈၀၀ လုံး၊ ခေါက်ဆွဲ ၁၀ ဖာနှင့် ခေါက်ဆွဲခြောက်၊ ကြာဇံ ၃၅၀ ဖာ၊ ကော်ဖီမစ်ပါကင်ထုပ် ၁၀ ထုတ်၊ လက်ဖက်နှပ်ပါကင်ထုပ် လေးထုပ်၊ ဘီစကွတ်အစုံပါကင်ထုပ် ၃၀ ထုပ်၊ ကြက်အူချောင်း ထုပ် ၂၀ ထုပ်၊အသားစုစည်သွတ်ဘူး၉၀ဖာ၊အ၀တ်အထည်၊စောင်၊ခြင်ထောင် ၁၉ ထုပ်တို့ ပါဝင်ပြီး တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက လေယာဉ်ပေါ်သို့ တင်ဆောင်ပေးကြရာ တိုင်းမှူးတာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။

အဆိုပါ တပ်မတော်သယ်ယူပို့ဆောင်ရေ့း Y-8 လေယာဉ်သည် စက်တင်ဘာ ၃ ရက် နေ့လယ်ပိုင်းမှာမင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ်မှ စစ်တွေလေဆိပ်သို့ ပို့ဆောင်ပေးရာ မွန်းလွဲပိုင်းမှာ ရောက်ရှိခဲ့သည်။ အလားတူ တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် အနယ်နယ် အရပ်ရပ်မှ စေတနာရှင် အလှူရှင်များက လှူဒါန်း သည့် ကြက်ဥ ၈၀၀၀ လုံး၊ အာလူး ၆၀၀ ပိဿာ၊၀က်အူချောင်း ၅၀၀ ပိဿာ၊ကြက်သွန်နီ ၆၀၀ ပိဿာ၊ ပဲကတ္တီပါ ၄၀ အိတ်၊ဘီစကစ်နှင့်ယမ်ယမ်ခေါက်ဆွဲခြောက် ၆၅ ဖာ၊အင်္ကျီ ၅၀၀ ထည်တို့ကို စက်တင်ဘာလ (၄)ရက်နေ့ညနေပိုင်းမှာ တပ်မတော်လေယာဉ်နဲ့တံတားဦးမြို့ရှိ နယ်မြေခံလေတပ်စခန်းမှ စစ်တွေလေဆိပ်သို့ ပို့ဆောင်ပေးတယ်။

ထို့အတူ နေရပ်စွန့်ခွာရွှေ့ပြောင်းရောက်ရှိနေတဲ့ တိုင်းရင်းသားပြည်သူများ လက်ဝယ်သို့ တာဝန်ရှိသူများနှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များက နေရာအသီးသီး၌ လိုက်လံထောက်ပံ့ ပေးအပ်လျက်ရှိရာ ရသေ့တောင်မြို့နယ်၊ သဇင်မြိုင်ကျေးရွာ၊ပိတောက် မြိုင်ကျေးရွာ၊ ပြင်ရှည်ကျေးရွာ၊ ချွတ်ပြင်ကျေးရွာနှင့်အောင်ဇေယျကျေးရွာများရှိ ဒေသခံတိုင်းရင်းသားပြည်သူ(၁၃၈၃)ဦးတို့ကို ပေးအပ်ခဲ့ ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီမှသတင်းထုတ်ပြန်ထားပါတယ်။



Follow us on