1. Home
  2. Myanmar News

လူနာစောင့်အမျိုးသားတစ်ဦး ရန်ကုန်ဆေးရုံးကြီးပေါ်မှ ခုန်ချ

Myanmar News ก.ย. 06, 2560 view 1,520

စက်တင်ဘာလ ၅ ရက်နေ့က လူနာစောင့်အမျိုးသားတစ်ဦး ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ ရိုးရိုးလူနာဆောင် ဝရန်တာမှ ခုန်ချမှု ဖြစ်ပွားခဲ့သည်။

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ဂေါ်သူဘူးကျေးရွာ​နေ ရမ်မာကွန်း ၃၆ နှစ်သည် ရန်ကုန်ဆေးရုံကြီ:တွင် ဆေးကုသမှုခံယူနေသော မိခင်ဖြစ်သူအား လူနာစောင့်ရန် လိုက်ပါလာသူဖြစ်သည်။
စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်တွင် အမြင့် ၂၅ ပေခန့်ရှိသော ရိုးရိုးလူနာဆောင် ဒုတိယထပ်မှ ခုန်ချခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သတင်းရရှိသည်။

ယင်းကဲသို့ ခုန်ချခဲ့မှုကြောင့် အသက်သေဆုံးမှုမရှိခဲ့သော်လည်း ယာနံဘေး ပွန်းရှဒဏ်ရာ၊ ယာခြေသလုံးဖူးရောင် ဒဏ်ရာများရရှိခဲ့ပြီး အရေးပေါ်ဌါနတွင် ကုသမှုခံယူနေကြောင်း သိရှိရသည်။
ရမ်မာကွန်းသည်  လွန်ခဲ့သော (၃)လခန့်က ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံကြီးတွင် (၁)လခန့် ဆေးကုသမှုခံယူဖူးသူဖြစ်ကြောင်းနှင့် အရက်သေစာ အလွန်အကျွံသောက်စားသူဖြစ်သဖြင့် စိတ်ကစဉ့်ကလျားဖြစ်ကာ ခုန်ချခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

သတင်းရင်းမြစ် − ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့
 



Follow us on