1. Home
  2. Good Morning Myanmar

ရန်ကုန်ကခွေးလေခွေးလွင့်တွေကို စည်ပင်ပိုင်ဂေဟာနဲ့ လာမယ့် အောက်တိုဘာလမှာ စတင်ထားရှိနိုင်မည်

Good Morning Myanmar ก.ย. 06, 2560 view 1,439

ခွေးလေခွေးလွင့်တွေထားရှိဖို့ ခွေးဂေဟာဆောက်လုပ်နေပြီး လာမယ့်အောက်တိုဘာလမှာ စတင်ထားရှိလို့ရပြီလို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးမှာ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားလိုက်ပါတယ်။ ရန်ကုန်မှာ ခွေးလေခွေးလွင့်တွေတိုးပွားလာမှုကို ထိန်းချူပ်နိုင်ဖို့အပါအ၀င် အဆိပ်ခတ် သုတ်သင်ရှင်းလင်းတာကိုလျှော့ချဖို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေနဲ့ သားဆက်ခြားတာ၊ခွဲစိတ်ကုသတာ၊ခွေးရူးကာကွယ်ဆေးထိုးတာ၊ပုဂ္ဂလိက ခွေးဂေဟာတွေကို ပို့ဆောင် ပေးတာစတာတွေကို နှစ်စဉ်လုပ်ဆောင်ပေးနေတယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး က ပြောကြားလိုက်ပါတယ်။

ဒါ့ပြင် ဒီနှစ်မှာ ရန်ကုန်မြို့တော်အတွင်းရှိ ပိုင်ရှင်မဲ့လေလွင့်ခွေးတွေကို ထားရှိစောင့်ရှောက်ဖို့ လှိုင်သာယာမြို့နယ်အတွင်းမှာ ခွေးကောင်ရေ(၈၀၀)ခန့်ထားရှိလို့ရမယ့် ခွေးဂေဟာကို ဆောက်လုပ်နေပြီး လာမယ့်အောက်တိုဘာလအတွင်းမှာ စတင်ထားရှိလို့ရပြီးလို့ မြို့တော်ဝန်က ပြောကြားလိုက်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခွေးလေခွေးလွင့်တွေကို အဆိပ်နဲ့သတ်ပြီး လျှော့ချမယ့်နေရာမှာ အခြားလုပ်ဆောင်တာတွေနဲ့အကောင်ရေလျှော့ချဖို့ကို ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ ဦးညီညီက မေးမြန်းလိုက်တာပါ။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခွေးလေခွေးလွင့်တွေကို တိတိကျကျစာရင်းကောက်ဖို့ခက်ခဲပေမယ့် (၂၀၁၄)ခုနှစ်က အကြမ်းဖျင်း စာရင်းကောက်ယူမှုတွေအရ လေလွင့်ခွေးကောင်ရေ တစ်သိန်းခွဲခန့်ရှိပြီး လက်ရှိုမှာဆိုရင် ခွေးကောင်ရေ နှစ်သိန်းခွဲ ၀န်းကျင်ရှိနိုင်တယ်လို့ မြို့တော်ဝန်ကမှန်းဆထားပါတယ်။



Follow us on