1. Home
  2. Good Morning Myanmar

နှစ်နိုင်ငံဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပူးပေါင်းလုပ်ဆောင်သွားမည်ဟု တရုတ်နှင့်ရုရှား သဘောတူ

Good Morning Myanmar ก.ย. 06, 2560 view 1,424

တရုတ်သမ္မတ ရှီကျင့်ပင်ဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ စက်တင်ဘာလ(၃)ရက် မနက်ပိုင်းက တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ ပူးပေါင်းလုပ်ဆောင်သွားမယ်ဆိုပြီး သဘောတူခဲ့ကြပါတယ်။နှစ်နိုင်ငံကြား နိုင်ငံရေးအရ နားလည်မှုတွေထားရှိဖို့၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံကြား ကူညီထောက်ပံ့ မှုတွေ လုပ်ဆောင်သွားဖို့သွားဖို့နဲ့ ကာကွယ်ရေးနည်းဗျူဟာပိုင်းမှာ ပူးပေါင်းလုပ်ဆောင်မှုတွေ အရှိန်မြှင့်တင်ဖို့ စတာတွေကို တရုတ်သမ္မတရှီကျင့်ပင်က ပြောကြားခဲ့ပြီး ရုရှားသမ္မတပူတင်က တရုတ်နဲ့ရုရှားနှစ်နိုင်ငံကြား ပြီးပြည့်စုံတဲ့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ အရေးကြီးပြီး ဒေသတွင်းနဲ့ နိုင်ငံတကာရေးရာကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်မြှင့်တင်ဖို့ ပြောဆိုခဲ့ပါတယ်။

စွမ်းအင်ကဏ္ဍ၊အာကာသနဲ့လေကြောင်းပို့ဆောင်ရေးကဏ္ဍနဲ့နျူကလီးယား စွမ်းအင် ကဏ္ဍတို့မှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ကောင်းမွန်အောင်ပြုလုပ်သင့်တယ်လို့ တရုတသမ္မတ ရှီကျင့်ပင်က ပြောလိုက်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ၊စွမ်းအင်ကဏ္ဍတွေ၊စိုက်ပျိုးရေးကဏ္ဍတွေ၊ အခြေခံအဆောက်အဦးကိစ္စတွေနဲ့လေကြောင်းပို့ဆောင်ရေးကိစ္စတွေမှာ တရုတ်နဲ့ပူးပေါင်းလုပ်ဆောင်ဖို့ ရုရှားဘက်ကအဆင်သင့်ဖြစ်နေတယ်ဆိုပြီး ရုရှားသမ္မတပူတင်ကပြောပါတယ်။ရုရှားသမ္မတ ပူတင်ဟာ ဘရစ်ခ်စီးပွားရေးအစုအဖွဲ့ရဲ့ ထိပ်သီးအစည်းအဝေးကိုတက်ရောက်ဖို့ တရုတ်နိုင်ငံ ဖူရှီအန်းစီရင်စုက ရှီမန်မြို့ကို တနင်္ဂနွေနေ့က ရောက်ရှိနေတာဖြစ်ပါတယ်။



Follow us on