1. Home
  2. Special or Others

ကျောင်းဖွင့်စနေ့မှာ ကျောင်းသား ၂၀ ခန့်ကို တန်းစီပါးရိုက်တဲ့ ဆရာ

Special or Others ก.ย. 06, 2560 view 1,406

တရုပ်နိုင်ငံ Hefei မြို့က အလယ်တန်းကျောင်းတစ်ခုတွင် စာသင်နှစ် စ,စချင်း ကျောင်းတက်ရက်မှာပင် ဆရာတစ်ဦးက ကျောင်းသားတပည့် ၂၀ ခန့်ကို စာသင်ခန်းရှိ ကျောင်းသားများရှေ့မှာပင် တန်းစီပါးရိုက်ခဲ့သည့်အတွက် ကျောင်းဆရာအလုပ်မှ ရပ်ဆိုင်းခံခဲ့ရသည်။

နွေရာသီကျောင်းပိတ်ရက်ပြီးလို့ ကျောင်းပြန်ဖွင့်စ အတန်းထဲတွင် ဆရာက ကျောင်းသား/သူ များအား ပါးရိုက်ခဲ့သော ဗီဒီယို အွန်လိုင်းတွင် ပျံ့နှံ့ခဲ့ပြီးနောက် ဝေဖန်မှုများ ပြင်းထန်ကာ အရေးယူခံခဲ့ရခြင်းဖြစ်သည်။

ကျောင်းသားများကို အမှတ်တရ ကဗျာရေးသားရန် ဆရာက ညွှန်ကြားခဲ့ပြီးနောက် ပြန်လည်စစ်ဆေးရာ သူသဘောမတွေ့သော၊ မှားနေသည်ဟုယူဆသော ကျောင်းသား ကျောင်းသူများကို စာသင်ခန်းရှေ့တွင် ပါရိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဘေဂျင်းသတင်းစာတွင် ဖော်ပြထားခဲ့သည်။

ဗီဒီယိုပုံရိပ်အရ တိတ်ဆိတ်နေသော စာသင်ခန်းမထဲတွင် ဆရာဖြစ်သူ၏ ပါးရိုက်သံမှာ တစ်ဖြောင်းဖြောင်းနဲ့ ကျယ်လောင်စွာ ထွက်ပေါ်နေသည်ကို တွေ့မြင်ကြရသည်။


 



Follow us on