1. Home
  2. Special or Others

ဈေးဝယ်ထွက်ရင်း လမ်းပေါ်မှာ မတ်တပ်ကလေးမွေးခဲ့သူ (ရုပ်/သံ)

Special or Others ก.ย. 06, 2560 view 1,491

ပုံမှန်အားဖြင့်တော့ ကလေးမွေးတယ်ဆိုတာ အချိန်ယူပြင်ဆင်ပြီး ဆေးရုံပေါ်မှာ ကျန်းမာရေးဝန်ထမ်း အစောင့်အရှောက်များနဲ့သာ ဂရုတစိုက်မွေးမြူရတတ်တာဖြစ်ပေမယ့် တရုပ်နိုင်ငံက ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးကတော့ ဈေးဝယ်ထွက်ရင်း လမ်းမအလယ်မှာ ရုတ်တရက် ကလေးမွေးချလိုက်တာဖြစ်ပါတယ်။

ရုတ်တရက် ကလေးမွေးချလိုက်တာဖြစ်လို့ ကလေးက ရှောကနဲ မြေကြီးပေါ်ပြုတ်ကျလာတဲ့အခိုက်အတန့်ဟာ အနီးနားက ဖြတ်သွားဖြတ်လာလူတွေအမြင်မှာ အထိတ်တလန့် ဖြစ်စေခဲ့ပါတယ်။ အဆိုပါအဖြစ်ပျက်ဟာ တရုပ်ပြည်တောင်ပိုင်း ယွန်ဖူမြို့မှာ ဖြစ်ပွားခဲ့ပြီး မျက်မြင်သက်သေတွေရဲ့ အဆိုအရ မိခင်ဖြစ်သူဟာ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကို ဈေးမှာဝယ်နေစဉ် မွေးဖွားခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။

မိခင်ဖြစ်သူဟာ ရေမွှာပေါက်ချိန်မှာ အော်ဟစ်ခဲ့ပြီး စက္ကန့်ပိုင်းအတွင်းမှာပဲ ဗိုက်ထဲက ကလေးက မြေပြင်ပေါ် ထွက်ကျခဲ့ပြီး သူမရဲ့ ကိုယ်ဝန်ဆောင် ဂါဝန်ဟာ သွေးချင်းချင်းနီသွားပါတယ်။ အဆိုပါ အဖြစ်ပျက် ဗီဒီယို အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီး ကြည့်ရှုသူများ အံ့သြမှင်သက်မိကြရပါတယ်။
 



Follow us on