1. Home
  2. Movie Stars - Celebrity

အဆိုပြိုင်ပွဲကနေ ဂီတလောကထဲမှာ အောင်မြင်နေပြီး ဘဝမေ့နေသူတွေကို နွဲ့ယဉ်ဝင်းပြောလိုက်ပြီ

Movie Stars - Celebrity ก.ย. 06, 2560 view 1,660

ယခုငြိမ်းချမ်းရေးဂီတပွဲတော် အပါအဝင် မျိုးဆက်သစ်လူငယ်လေးများကို မြေတောင်မြှောက်ပေးတဲ့ သီချင်းဆိုပြိုင်ပွဲအစီစဉ်အချို့မှာ ဒိုင်လူကြီးတစ်ဦးအဖြစ် တာဝန်ယူအကဲဖြတ်လုပ်ကိုင်နေတဲ့ အဆိုတော်ကြီး အန်တီနွဲ့ယဉ်ဝင်းက အောင်မြင်မှုတွေရသွားပြီး ဘဝမေ့နေသူတွေကို သတိပေးစကားပြောကြားလိုက်ပါတယ်။

၂၀၀၆ ခုနှစ်က စတင်ပြီး “သံစဉ်များနှင့်ကမ္ဘာ (Melody World)” အစီစဉ်ကို မျိုးဆက်သစ် ရွက်ပုန်းသီး အဆိုရှင်လူငယ်လေးများ ပေါ်ပေါက်လာစေရန် ရည်ရွယ်ပြီး အကောင်အထည်ဖော်လာကထဲက ဒိုင်လူကြီးတစ်ဦးအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့တာ ဆယ်စုနှစ်တစ်စု ကျော်လွန်လာခဲ့ပြီဖြစ်ပါတယ်။

“သံစဉ်များနှင့်ကမ္ဘာ (Melody World)” အစီစဉ်မှလည်း ယနေ့ထိပ်ဆုံးမှာ အောင်မြင်နေတဲ့ အနုပညာရှင်များစွာကို မွေးထုတ်ပေးခဲ့ပြီဖြစ်ပါတယ်။ သို့သော် လက်ရှိဂီတလောကတွင် အောင်မြင်မှု အသီးအပွင့်များကို ခံစားနေရချိန်တွင် ပြိုင်ပွဲအတွက် ပြန်လည်ပံ့ပိုးကူညီမှုများ မရှိသဖြင့် များစွာစိတ်မကောင်းဖြစ်မိကြောင်း နွဲ့ယဉ်ဝင်းက ပြေကြားခဲ့သည်။

“သံစဉ်များနဲ့ကမ္ဘာမှာ ၂၀၀၇ ခုနှစ်ကတည်းက ဒိုင်အဖြစ်ပါဝင်ခဲ့တာပါ၊ သီချင်းဆိုပြိုင်ပွဲတွေထဲမှာ “သံစဉ်များနဲ့ကမ္ဘာ” ကနေ အနုပညာရှင်များစွာ မွေးထုတ်ပေးခဲ့တယ်။ ဒီပြိုင်ပွဲကို စီစဉ်တဲ့သူက Zome Media က ဦးပြုံးချိုပါ။ သူကဂီတသမားမဟုတ်ပါဘူး။ ဒါပေမယ့် ဂီတကို သံယောဇဉ်ကြီးလွန်းသူပါ။ ရွက်ပုန်းသီးတက်သစ်စ လူငယ်အဆိုရှင်တွေကို မွေးထုတ်ပေးချင်တယ်။ အောင်မြင်စေချင်တဲ့စိတ် သူ့မှာအပြည့်ရှိတယ်။

ကျွန်မကိုအခြားပြိုင်ပွဲတွေက ဒိုင်လုပ်ဖို့လာခေါ်ကြပေမယ့် သူနဲ့ပဲဆက်ပြီး လက်တွဲတာက သူ့စိတ်ဓါတ်ကို လေးစားလို့ပါ။ ဒီကနေ ဆုရသွားကြတယ်၊ နေရာတစ်ခုမှာ အောင်မြင်နေတဲ့ ကလေးတွေအတွက် အများကြီးဝမ်းသာပါတယ်။ ဂုဏ်လည်းယူတယ်။ ဒါပေမယ့် တစ်ချို့ကလေးတွေက သီချင်းပြန်ဆိုပေး ဂုဏ်ယူဖို့ ဖိတ်ခေါ်တဲ့အခါလေးမှာတောင် ပြန်မလာကြဘူး။ အရေးကြီးလို့ တကူးတကဖိတ်ကြားတာတောင် မလာကြဘူး။ စိတ်လည်းမကောင်းဖြစ်မိတယ်” ဟု နွဲယဉ်ဝင်းက ပြောကြားခဲ့သည်။

ဆက်လက်၍ အဆိုရှင်များအနေနှင့် မိမိတို့ဖြတ်သန်းရာလမ်းကြောင်းတွင် ကျေးဇူးပြုထားဖူးသည့် လူပုဂ္ဂိုလ်များ၊ အစီစစဉ်များ ပြိုင်ပွဲများကို အမှတ်ရကြပြီး ကျေးဇူးတရားကို သိရှိခြင်းဖြင့် ပိုမိုအဆင့်အတန်းမြင့်မားပြီး ဂုဏ်သိက္ခာရှိသော အနုပညာရှင်များဖြစ် မြင်တွေ့လိုကြောင်း ပြောကြားခဲ့သည်။

သတင်းရင်းမြစ် - မြန်မာ့အလင်း
 



Follow us on