1. Home
  2. Special or Others

ချစ်သူကို အံ့သြသင့်အောင်လုပ်ရာက ကိုယ်တိုင်အံအားသင့်ခဲ့ရသူ (ရုပ်သံ)

Special or Others ก.ย. 07, 2560 view 1,651

လူတိုင်းက ကိုယ့်ရဲ့ချစ်သူကို တစ်ခါတစ်ရံမှာ ထင်မှတ်မထားတဲ့ ဝမ်းသာစရာအနေအထားလေးတွေကို Surprise အနေနဲ့ ဖန်တီးပြီး အံ့သြသွားစေချင်ကြတာ သဘာဝပါ။
ချစ်သူသက်တမ်း ၃ ရက်သာရှိသေးပေမယ့် ချစ်သူကို ဘယ်လောက်ချစ်ကြောင်း ပြသပြီး အံ့သြသွားစေချင်တဲ့ အမျိုးသမီးတစ်ဦးဟာ တိတ်တိတ်လေး အစီစဉ်တစ်ခုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ သူကသာလျှင် အကြီးအကျယ် အံ့သြထိတ်လန့်ခဲ့ရသူ တစ်ဦးဖြစ်ခဲ့ပါတယ်။



ဗီဒီယိုမှာ အမျိုးသမီးတစ်ဦးက သူ့ရည်းစားရဲ့ ကွန်ဒိုအိမ်ခန်းထဲကို ရည်းစားပြန်မလာခင်မှာ ကြိုတင်ဝင်ရောက်နေပြီး ရည်းစားပြန်လာတဲ့အခါ သူ့ကို ရုတ်တရက်တွေ့လိုက်ရင် ဘယ်လောက်အံ့သြသွားမလဲဆိုတဲ့ အတွေးနဲ့ ကင်မရာလေးတောင် ဆင်ထားခဲ့ပါတယ်။


အဲ့ဒီနောက်မှာတော့ အိပ်ခန်းထဲက အဝတ်ဗီရိုထဲဝင်ပုန်းနေလိုက်ပါတယ်။ ရည်းစားဖြစ်သူဟာ အိမ်ပြန်လာခဲ့ပေမယ့် တစ်ယောက်ထဲတော့ မဟုတ်ပါဘူး။ အခြားအမျိုးသားတစ်ဦးနဲ့ အတူပြန်လာခဲ့ပြီး အိပ်ယာထဲမှာ လိင်တူဆက်ဆံဖို့ လုံးပမ်းနေစဉ်မှာ ဗီရိုထဲက ချစ်သူကောင်မလေးကလည်း အခြေနေကို မသိပဲ ဘွားခနဲ ခုန်ထွက်လာချိန်မှာတော့...


ကုတင်ပေါ်က ကောင်က “Babe!” လို့သာ အော်နိုင်ပြီး ကောင်မလေးကတော့ သူ့ရည်းစားရဲ့ သရုပ်မှန်ကြောင့် အကြီးအကျယ် ပြန်ပြီးအံ့အားသင့်စေခဲ့ပါတယ်။

 


 



Follow us on