1. Home
  2. Special or Others

ဦးနှောက်အသုံးချရသူများ တစ်ရက်လျှင် အလုပ်ချိန် လေးနာရီထက် မပိုသင့်

Special or Others ก.ย. 07, 2560 view 1,459

တစ်နေ့လျှင် အလုပ်ချိန် (၈)နာရီဆိုတာက တစ်ကမ္ဘာလုံးမှာ စံစနစ်လိုဖြစ်နေသည်။ အလုပ်အလွန်များသော နိုင်ငံတွေ ဥပမာ စင်ကာပူဆိုပါက လုပ်ငန်းခွင် အတော်များများမှာ အလုပ်ချိန်ကို (၁၂)နာရီထိ တိုးမြှင့် သတ်မှတ်လာပါတယ်။

သိပ္ပံနည်းကျစမ်းသပ်မှုများအရ ဦးနှောက်ကို အသုံးမချရသော (ဥပမာ ပစ္စည်းတပ်ဆင်ခြင်း) လုပ်ငန်းကဲ့သို့သော အလုပ်များအတွက် သင့်လျော်သော်လည်း ဦးနှောက်နှင့် စဉ်းစားချင့်ချိန် တွေးတောကြံဆရသော လုပ်ငန်းများအတွက် အလုပ်ချိန် ၈ နာရီမှာ များလွန်းသည်ဟု ဆိုသည်။


ဂျာနယ်လစ်တစ်ဦးဖြစ်သူ Oliver Burkeman က အလုပ်ချိန် လေးနာရီနှင့် ပက်သက်ပြီးရေးသားသော အကြောင်းရာတစ်ခုတွင် အလုပ်ကိစ္စအတွက် ဦးနှောက်ကို များများအသုံးပြုနေရသူများအနေနဲ့ အလုပ်ချိန် လေးနာရီက အသင့်တော်ဆုံးဖြစ်ပြီး သမိုင်းကြောင်းတစ်လျောက် ပြန်ကြည့်မယ်ဆိုရင်လည်း သိပ္ပံပညာရှင်တွေက ဒီအတိုင်း လိုက်နာဆောင်ရွက်ခဲ့တာကို တွေ့ရပါတယ်။

ဆွီဒင်နိုင်ငံက စိတ်ပညာရှင် Anders Ericsson ဆိုသူက တယောပညာရှင်များကို လေ့လာခဲ့ရာ နာရီထောင်ပေါင်းများစွာ လေ့ကျင့်ခဲ့ပေမယ့် တစ်ရက်ကို လေးနာရီ ဒါမှမဟုတ် ဒီထက်လျော့ပြီးပဲ လေ့ကျင့်ခဲ့တာကိုတွေ့ရပါတယ်။
သုတေသီများ၏ အဆိုအရ ဦးနှောက်နဲ့ အလုပ်လုပ်ကိုင်ရသူတွေဟာ တစ်ရက်ကို လေးနာရီထက်ကျော်လွန် လုပ်ကိုင်ပါက ဦးနှောက်ဝန်ပိလာတဲ့ ပြဿနာရှိကြောင်း တွေ့ခဲ့ရသည်။


အတိတ်သမိုင်းထဲက ကမ္ဘာ့ဉာဏ်ကြီးရှင် ပုဂ္ဂိုလ်တွေကို လေ့လာကြည့်မယ်ဆိုရင် တစ်ရက်မှာ လေးနာရီလောက်ပဲ အလုပ်လုပ်တာကို တွေ့ရပါတယ်။ ဥပမာအနေနဲ့ Charles Darwin ဆိုရင် နံနက်ခင်းပိုင်းမှာ တစ်နာရီခွဲစီ နှစ်ချိန်ခွဲပြီး အလုပ်လုပ်ပါတယ်။ ကျန်တဲ့ တစ်နာရီကိုတော့ ကျန်တဲ့အချိန်တွေမှာ လုပ်ပါတယ်။
သင်္ချာပညာရှင် Henri Poincar ဆိုရင် နံနက် ၁၀ နာရီကနေ မွန်းတည့်ချိန်ထိ အလုပ်လုပ်ပြီး ကျန်တဲ့ နှစ်နာရီကို ညနေ ၅ နာရီကနေ ၇ နာရီ အလုပ်လုပ်ပါတယ်။

သူတို့ဟာ ဦးနှောက်အသုံးချရတဲ့ အလုပ်တွေကို တစ်နေ့မှာ လေးနာရီပဲ လုပ်ကိုင်လေ့ရှိပြီး အသေးအဖွဲကိစ္စလေးတွေကိုတော့ ကျန်တဲ့အချိန်တွေမှာ လုပ်ကိုင်ကြပါတယ်။ သင်ရော တစ်နေ့ အလုပ်ချိန် ဘယ်နှစ်နာရီ လုပ်ရပါသလဲ။ အကယ်၍ လေးနာရီသာ လုပ်ရမယ်ဆိုရင် ဘယ်လိုသဘောရပါသလဲ..။
 



Follow us on