1. Home
  2. Movie Stars - Celebrity

နာမည်ကြီး Rapper သုံးယောက်နဲ့အတူ အွန်လိုင်းကနေ သီချင်းဖြန့်မယ့် ပိုပို

Movie Stars - Celebrity ก.ย. 08, 2560 view 1,635

အမေရိကန်နိုင်ငံမှာ ကျောင်းသွားတက်ဖို့ ကြိုးစားနေတဲ့ ပိုပိုတစ်ယောက် လတ်တလောမှာ မြန်မာနိုင်ငံမှာ နာမည်ကြီးနေတဲ့ အမျိုးသမီး Rapper သုံးယောက်နဲ့အတူ သီချင်းတွေ လုပ်နေပါပြီ။

ဒီသီချင်းတွေကိုတော့ ပိုပိုရဲ့ Master Piece MTV နဲ့အတူ ထွက်နိုင်အောင် ကြိုးစားနေပါတယ်။ Rapper သုံးယောက်ဆိုတာ ဘယ်သူတွေလဲလို့ ပြောကြားခြင်းမရှိသေးပေမယ့် သီချင်းတွေ ပြီးသွားတဲ့အခါ အွန်လိုင်းကနေ Mp3 အနေနဲ့ ဖြန့်သွားမယ်လို့ သိရှိရပါတယ်။ ဒီသီချင်းတွေကို အရင်လို ဆိုနေကျပုံစံမျိုးမဟုတ်ပဲ ပုံစံအသစ်နဲ့ နားဆင်ကြရမှာဖြစ်ပါတယ်။

ရုပ်ရှင်ဇာတ်ကားရိုက်ကူးရေးနဲ့ အခြားသော အနုပညာနဲ့ပက်သက်တဲ့ အလုပ်လေးတွေ လက်ခံထားတာရှိနေတာကြောင့် အမေရိကားမှာ ကျောင်းသွားတက်ဖို့ ကိစ္စက ချက်ခြင်းအကောင်းအထည်မဖော်နိုင်သေဘူးလို့ ပြေပါတယ်။

သတင်းကိုးကား - 8 Days Journal
သတင်းဓါတ်ပုံ - အင်တာနက်
 



Follow us on