1. Home
  2. Football

ကစားသမားဘ၀ အဆိုးဝါးဆုံးကာလတွေနဲ့ ရင်ဆိုင်နေရတဲ့ ဆန်းချက်ဇ်

Football ก.ย. 08, 2560 view 1,500

ဆန်းချက်ဇ်ဟာ လက်ရှိမှာကစားခွင့်ရခဲ့တဲ့ပွဲစဉ်တိုင်း ရလဒ်တွေမကောင်းခဲ့ပဲ ကစားသမားဘ၀အဆိုး ၀ါးဆုံးကာလတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဆန်းချက်ဇ်ဟာ လက်ရှိမှာကလပ်အသင်းမှာရော နိုင်ငံအသင်းမှာပါရလဒ်ကောင်းတွေမရရှိခဲ့ပဲ ခြေစွမ်း ပြကစားနိုင်ဖို့ရုန်းကန်နေခဲ့ရပါတယ်။ ချီလီလက်ရွေးစင်တိုက်စစ်မှူးဆန်းချက်ဇ်ဟာ စက်တင်ဘာလ (၅) ရက် နေ့က ချီလီအသင်းနဲ့ ဘိုလစ်ဗီးယားအသင်းတို့ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စုပွဲစဉ်မှာ ၀င်ရောက်ကစားခွင့်ရရှိခဲ့ပြီး အဆိုပါပွဲစဉ်မှာ ချီလီအသင်းက ဘိုလစ်ဗီးယားအသင်းကို တစ်ဂိုး၊ ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ရပါတယ်။

ချီလီအသင်းဟာ ရှုံးပွဲကြုံတွေ့ခဲ့ရတာကြောင့် အုပ်စုပွဲစဉ်(၂)ပွဲကစားရန်အလို ရမှတ်(၂၃) မှတ်သာရရှိထားခဲ့ပြီး အုပ်စုရပ်တည်မှု နံပါတ်(၃)နေရာက ကိုလံဘီယာအသင်းနဲ့ (၃)မှတ်ကွာခြားသွားခဲ့တာ ကြောင့် ကမ္ဘာ့ဖလားဝင်ခွင့်မျှော်မှန်းချက်မှာ မှေးမှိန်ခဲ့ရပါတယ်။ ဆန်းချက်ဇ်ဟာ အဆိုပါပွဲစဉ်အပြီးမှာ ငိုကြွေးခဲ့ ရပြီးရုန်းကန်နေရတဲ့အတွက် အလွန်ပင်ပန်းနေကြောင်းလည်းပြောကြားသွားခဲ့ပါတယ်။ ရှုံးပွဲကြုံတွေ့ခဲ့ရတဲ့ အတွက်ပရိသတ်တွေကို တောင်းပန်ကြောင်း၊ ကျောနံပါတ်(၇)ကို ၀တ်ဆင်ကစားရတဲ့အတွက် တာဝန်ပိုကြီး ကြောင်းလည်းပြောကြားသွားခဲ့ပါတယ်။

ယခုနှစ်ဘောလုံးရာသီ အာဆင်နယ်အသင်းအတွက် ပထမဦးဆုံး ပွဲစဉ်အဖြစ် ၀င်ရောက်ကစားခဲ့တဲ့ လီဗာပူးလ်အသင်းနဲ့ပွဲစဉ်မှာလည်း ခြေစွမ်းပြနိုင်ဖို့ရုန်းကန်ခဲ့ရပြီး အဆိုပါပွဲစဉ် မှာအာဆင်နယ်အသင်းက လီဗာပူးလ်အသင်းကို (၄)ဂိုး၊ဂိုးမရှိဖြင့် ဂိုးပြတ်အရေးနိမ့်ခဲ့ရပါတယ်။ အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၃)ပွဲမှာ နိုင်ပွဲ(၁)ပွဲသာရရှိထားပြီး ရှုံးပွဲ(၂)ပွဲအထိကြုံတွေ့ခဲ့ရတာကြောင့် အမှတ်ပေးဇယား အဆင့်(၁၈)နေရာအထိ ရောက်ရှိသွားခဲ့ပါတယ်။ ဆန်းချက်ဇ်ဟာ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း (၁)နှစ်သာကျန်ရှိတော့တဲ့ ကစားသမားဖြစ်ပြီး ယခုနှစ်နွေရာသီ အပြောင်းအရွှေ့မှာ အသင်း ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့သူဖြစ်ပါတယ်။

မန်စီးတီးအသင်းထံ ရောက်ရှိဖို့အလွန် နီးစပ်ခဲ့တာဖြစ်ပြီး အာဆင်နယ် အသင်းဘက်က မိုနာကိုတောင်ပံကစားသမား သောမတ်လီမာကို မရရှိခဲ့တာကြောင့် မန်စီးတီးအသင်းထံ ပြောင်းရွှေ့ဖို့ ပျက်ပြယ်သွားခဲ့ရတာဖြစ်ပါတယ်။ အသင်းနဲ့လည်း စာချုပ်သက်တမ်းတိုးဖို့မရှိတာကြောင့် အာဆင် နယ်အသင်းအနေနဲ့ လာမယ့်ရာသီအပြောင်းအရွှေ့မှာ ဆန်းချက်ဇ်ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာ ခွင့်ပြုရမှာဖြစ်ပါတယ်။



Follow us on