1. Home
  2. Good Morning Myanmar

ဝန်ကြီးချုပ်ဟောင်းယင်လပ်ထွက်ပြေးမှု ထိုင်းစစ်တပ်နှင့်မသက်ဆိုင်ကြောင်း ထပ်မံငြင်းဆို

Good Morning Myanmar ก.ย. 08, 2560 view 1,424

ဆန်အမတော်ကြေးကိစ္စမှာအဂတိလိုက်စားခဲ့တယ်ဆိုတဲ့စွပ်စွဲချက်ကြောင့် ရုံးတင်စစ်ဆေးခံ နေရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ်ရှင်နာဝပ်ထရာရဲ့ ထွက်ပြေးမှုမှာ ထိုင်းစစ်တပ်က ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ယူဆချက်တွေအပေါ် ထိုင်းစစ်အစိုးရဲ့ဒုတိယ၀န်ကြီးချုပ်နဲ့ ထိုင်းကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူနေတဲ့ ပရာယွတ်ဝမ်ဆူဝမ်က ထပ်မံငြင်းဆိုလိုက်ပါတယ်။ သြဂုတ်လ(၂၅)ရက်မတိုင်ခင် ထိုင်းနိုင်ငံက ယင်လပ်ထွက်သွားနိုင်အောင် ထိုင်းစစ်တပ်ကခွင့်ပြုခဲ့ပြီး အကူအညီပေးခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပေမယ့် ထိုင်းစစ်အစိုးရဘက်က ငြင်းဆိုမှုတွေ ပြုလုပ်ထားပါတယ်။

ထိုင်းစစ်တပ်က ယင်လပ်ထွက်ပြေးနိုင်အောင် ကူညီခဲ့တယ်ဆိုတဲ့အဆိုဟာ အခြေအမြစ် မရှိတဲ့အတွက်ငြင်းဆိုစရာမလိုအပ်ဘူးဆိုပြီး ထိုင်းကာကွယ်ရေးဝန်ကြီး ပရာယွတ်ဝမ်ဆူဝမ်က ပြောပါတယ်။ယင်လပ်ဟာ သြဂုတ်လ(၂၃)ရက်မှာ ကမ္ဘောဒီယားနိုင်ငံကို လေကြောင်းနဲ့ ထွက်ခွာသွားပြီး လက်ရှိမှာသူမရဲ့အစ်ကိုဖြစ်သူ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာရှိရာ ဒူဘိုင်းမြို့မျာမှာရှိနေတယ်နိုင်တယ်လို့ယင်လပ်ရဲ့ဖြူထိုင်းပါတီတွင်း သတင်းရင်းမြစ်တွေရဲ့ပြောဆို ချက်တွေကိုကိုးကားပြီး သတင်းတွေမှာဖော်ပြနေပါတယ်။လက်ရှိ ယင်လပ်ဘယ်မှာရှိနေတယ် ဆိုတာနဲ့ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့ကရှာဖွေမှုလုပ်ငန်းတွေလုပ်နေသလို တခြားနိုင်ငံတွေထံက ပူးပေါင်းဆောင်ရွက်မှုတွေနဲ့အကူအညီတွေရနေတယ်လို့လည်း ပရာယွတ်ဝမ်ဆူဝမ်ကပြောပါတယ်။



Follow us on