1. Home
  2. Good Morning Myanmar

မောင်းသူမဲ့လေယာဉ်အခြေစိုက်စခန်းသစ် အီရန်ဖွင့်လှစ်

Good Morning Myanmar ก.ย. 08, 2560 view 1,424

အီရန်နိုင်ငံဟာ အကြမ်းဖက်သမားတွေကိုတိုက်ခိုက်ဖို့နဲ့ ထောက်လှမ်းရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ မောင်းသူမဲ့ဒရုန်းလေယာဉ်တွေကို အသုံးပြုနေပြီး ပြီးခဲ့တဲ့စက်တင်ဘာလ(၃)ရက်က မောင်းသူမဲ့လေယာဉ်တပ်ဖွဲ့အခြေစိုက်စခန်းတစ်ခုကို ဖွင့်လှစ်ခဲ့ပါတယ်။ ဒရုန်းလေယာဉ်တပ်ဖွဲ့ဟာ အကြမ်းဖက်သမားတွေကိုတိုက်ခိုက်တာနဲ့ အီရန်နိုင်ငံရဲ့နယ်စပ်ဒေသတွေရဲ့ကာကွယ်ရေးမှာ စွမ်းဆောင် ရည်ကောင်းတွေရှိထားစေတယ်လို့ အီရန်ကာကွယ်ရေးအရာရှိတွေကပြောပါတယ်။

မောင်းသူမဲ့လေယာဉ်အခြေစိုက်စခန်းရဲ့လေယာဉ်ပြေးလမ်းကို ခါတမ်အယ်လ် အန်ဘီယာလေတပ်အခြေစိုက်စခန်းရဲ့ ဦးစီးချုပ် " ဖာဇာတ်အက်စ်မိုင်လီ "က တနင်္ဂနွေနေ့မှာ ဖွင့်လှစ်ခဲ့ ပါတယ်။ ဖွင့်ပွဲအခမ်းအနားမှာ အက်စ်မိုင်လီက အီရန်နိုင်ငံရဲ့ရန်သူတွေက မောင်းသူမဲ့ လေယာဉ် တပ်ဖွဲ့က သူတို့ကိုတိုက်ခိုက်နိုင်တယ်လို့ ထင်နိုင်ပေမယ့် သူတို့အတွက်အဓိက စဉ်းစားရမှာက မောင်းသူမဲ့ လေတပ်ရဲ့မြင်ကွင်းကနေ ဘယ်လိုလွတ်မြောက်နိုင်မလဲဆိုတာဖြစ်တယ်လို့ ခြိမ်းခြောက် ပြောဆိုထားပါတယ်။

လက်နက်တပ်ဆင်ထားတဲ့ မောင်းသူမဲ့ဒရုန်းလေယာဉ်တွေကို နေရာဖြန့်ကြက်ချထား နိုင်တဲ့ နိုင်ငံအနည်းငယ်ထဲမှာအီရန်နိုင်ငံပါဝင်ပါတယ်။ရန်သူတွေကိုစောင့်ကြည့်ဖို့၊ထောက်လှမ်းရေး လုပ်ဖို့၊ဗုံးတွေသယ်ပို့ပေးဖို့နဲ့အသေခံတိုက်ခိုက်မှုတွေလုပ်ဆောင်ဖို့ မောင်းသူမဲ့ဒရုန်းလေယာဉ် မော်ဒယ်တွေကို ပြီးခဲ့တဲ့နှစ်တွေအတွင်း အီရန်နိုင်ငံရဲ့မောင်းသူမဲ့လေယာဉ်စီမံကိန်းအတွက် တိုးချဲ့ခဲ့ပါတယ်။



Follow us on