1. Home
  2. Good Morning Myanmar

YBS ယာဉ်လိုင်းများတွင် သုံးစွဲ၍မရတဲ့ ပိုက်ဆံများတစ်လကို(၁၀)သိန်းကျော်လောက်ရရှိ

Good Morning Myanmar ก.ย. 08, 2560 view 1,416

ရန်ကုန်မြို့တွင်းပြေးဆွဲနေတဲ့ ခရီးသည်တင် YBS ယာဉ်လိုင်းများရဲ့ငွေပုံးထဲတွေကို ခရီးသည်များမှ ယာဉ်စီးခထည့်စီးနင်းရာမှာ သုံးစွဲလို့မရတဲ့ပိုက်ဆံတွေ တစ်လကို(၁၀)သိန်း ကျော်လောက် ရရှိတယ်လို့သိရပါတယ်။အချို့ခရီးသည်တွေဟာ တစ်ပိုင်းပြတ်နေတဲ့ ပိုက်ဆံများ၊အရမ်းစုတ်ပြတ်ပြီး သုံးစွဲမရတဲ့ ပိုက်ဆံများ၊ မီးကျွမ်းနေတဲ့ ပိုက်ဆံတွေကို ယာဉ်စီးခအနေနဲ့ ငွေပုံးတွေထဲကို ထည့်ဝင်စီးနင်းကြတယ်လို့ သိရပါတယ်။

` ဒါကြောင့် YUPT ကုမ္ပဏီအနေနဲ့ အဲဒီပိုက်ဆံတွေကို ရသလောက် အနေအထားရအောင် ကော်ကပ်၊ မီးပူထိုးပြီး ဗဟိုဘဏ်မှာ ပြန်ပြီးလဲရတယ်လို့ သိရပါတယ်။ အခုလိုလဲလှယ်ရာမှာတော့ ငွေကျပ်(၇)သိန်းနီးပါးသာရရှိပြီး လစဉ် ငွေကျပ် (၄)သိန်းနီးပါး ဆုံးရှုံးနေရတယ်လို့ သိရပါတယ်။ လက်ရှိအနေအထားမှာ YBS ယာဉ်လိုင်းများရဲ့ ငွေပုံးထဲကို ပိုက်ဆံအပြည့်အ၀ထည့်ပြီး စီးနင်းတဲ့ ခရီးသည်တွေဟာ (၈၀)ရာခိုင်နှုန်းသာရှိနေသေးတာကြောင့် အရမ်းဆိုးဝါးတဲ့ အနေအထားတော့ မရောက်သေးဘူးလို့ သိရပါတယ်။ဒီစနစ်ဟာ ပြည်သူကို ၀န်ဆောင်မှုပေးနေတဲ့ ဘက်ကို သွားနေတာကြောင့် လက်ရှိမှာလည်း CCTV မှတ်တမ်းတွေအရ ပိုက်ဆံအတု၊ စက္ကူ ၊ အပါအ၀င် ယာဉ်စီးခအပြည့်အ၀မပေးပဲ စီးနင်းသူတွေကိုသိရှိပေမယ့် ထုတ်ပြန်ခြင်းတော့မရှိသေးဘဲ နောက်ပိုင်းမှာတော့ မှန်မှန်ကန်ကန်မစီးနင်းတဲ့ ခရီးသည်တွေကို ကားပေါ်ကဆင်းခိုင်းတဲ့အထိ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။



Follow us on