1. Home
  2. Special or Others

သုမုဒ္ဒရာရေအောက်မှ အမြန်ပြန်တက်ခဲ့သဖြင့် ခန္ဓာကိုယ်ဗူဖောင်း ဖြစ်ခဲ့ရသူ

Special or Others ก.ย. 11, 2560 view 1,714

ပီရူးနိုင်ငံမှ ရေငုတ်သမား တစ်ဦးဟာ သမုဒ္ဒရာကြမ်းပြင်မှာ အချိန်အတော်ကြာရေငုတ်နေခဲ့ရာမှ ရေမျက်နှာပြင်ပေါ်သို့ မြန်မြန်ဆန်ဆန်းကြီး ပြန်တက်လာခဲ့သည့်အတွက် သူ၏ခန္ဓာကိုယ်မှာ ဘောလုံးသဖွယ် အသားစိုင်ကြီးများ ဖြစ်ကျန်နေခဲ့သည်။


Alejandro Ramos Martinez ဆိုသူသည် ဝါရင့်ရေငုတ်သမားတစ်ဦးဖြစ်ပြီး တစ်ရက်တွင် သမုဒ္ဒရာ၏ နက်ရှိုင်းသောနေရာမှ ရေမျက်မှာပြင်ပေါ်သို့ ပြန်တက်လာရာတွင် အချိန်ယူသင့်သည်ထက် ပိုမိုလျှင်မြန်စွာ တက်လာခဲ့သည့်အတွက် သူ၏ခန္ဓာကိုယ်ကြွက်သားများ ပူဖေါင်းကဲ့သို့ ဖြစ်ခဲ့ရသည်။ ယခုအခါ အသက်ရှုရခက်ခဲခြင်း ဝေဒနာကို ခံစားနေရသည်။


အဆိုပါဝေဒနာကို ရေငုတ်သမားများတိုင်း နောက်ပိုင်းတွင် ခံစားရလေ့ရှိပြီး ခန္ဓာကိုယ်တွင် အကွက်အပြောက်ပေါ်ခြင်း၊ ယားယံခြင်း၊ အရိုးအဆစ်ကိုက်ခဲ့ခြင်း၊ ခေါင်းကိုက်ဝေဒနာနဲ့ ပုံမှန်မဟုတ်သော ပင်ပန်းနွမ်းနယ်မှုများကိုပါ ခံစားရစေသည်။


Martinez ၏ ဖြစ်စဉ်မှာ သာမန်ဖြစ်စဉ်မျိုးမဟုတ်ပဲ နိုက်ထရိုဂျင် ပူစီဖေါင်းလေးများက သူ၏ကြွက်သားများအတွင်း ဝင်ရောက်တွယ်ကပ်သွားခြင်း ဖြစ်တဲ့အတွက် ခွဲစိတ်ကုသမှုဟာ သူ့အတွက် အန္တရာယ်များပြီး အောက်ဆီဂျင်ကုထုံးဖြင့်သာ ကုသခြင်းက အကောင်းဆုံးဖြစ်ကြောင်း ဆရာဝန်များက ပြောကြားခဲ့သည်။

အောက်ဆီဂျင်ကုထုံးဖြင့် ကုသပြီး Martinez ၏ ခန္ဓာကိုယ်ထဲက နိုက်ထရိုဂျင် ၃၀ ရာခိုင်နှုန်းကို လျော့ချပေးနိုင်ကြောင်း San Juan de Dios ဆေးရုံမှ ဒေါက်တာ Migule Alarcon က ပြောကြားခဲ့သည်။

 



Follow us on