1. Home
  2. Special or Others

အမြင်အာရုံကြည်လင်စေရန် ဓါးဖြင့်ရှင်းလင်းပေးတဲ့ ဆေးဆရာကြီး

Special or Others ก.ย. 11, 2560 view 1,427

တရုပ်နိုင်ငံ ချန်ဒူးမြို့လမ်းမပေါ်က လမ်းဘေးနေရာလေးတစ်ခုမှာ အမြင်အာရုံ ကြည်ကြည်လင်လင်မရှိတဲ့ သူတွေကို သူတို့ရဲ့ မျက်လုံးထဲက အညစ်အကြေးတွေ ပြောင်စင်သွားအောင် ဓားထက်ထက်နဲ့ ခြစ်ထုတ်ရှင်းလင်းပေးနေတဲ့ ဆေးဆရာကြီးတစ်ဦးရှိပါတယ်။


အသက် ၆၂ နှစ်အရွာ်ရှိပြီဖြစ်တဲ့ ဆရာကြီး Xiong Gaowu က တိုင်းရင်းဆေးနည်းလို့ ခေါ်တဲ့ နည်းပညာနဲ့ မျက်စိမှုန်ဝါးဝါး ကြည့်မကောင်းဖြစ်သူတွေကို ဓါးပါးလေး အသုံးပြုပြီး မျက်ခွံအတွင်းထဲကနေ ရှင်းထုတ်ပေးနေပါတယ်။


သူ့လုပ်ငန်းမစခင်မှာ ဓါးပါးလေးကို ဆေးဖြန်း၊ ထက်နေအောင် ကော်ပတ်ပါးပါးလေးကို လက်ဖဝါးထဲထည့်ပြီး တင်သွေးလိုက်ပါတယ်။ ဓါးထက်သွားပြီဆိုတော့မှာ လူနာရဲ့ မျက်လုံးက မျက်ခွံကို လှန်ပြီး မျက်သားအတွင်းထဲကို ဓါးနဲ့ခြစ်ထုတ် ရှင်းလင်းတာဖြစ်ပါတယ်။


လူရဲ့ မျက်လုံးနဲ့ အနီးဆုံးနေရာမှာ ဖြစ်လို့ အလွန်အန္တရာယ်များတယ်လို့ ဆိုပေမယ့် သူဒီလို ကုသခဲ့တဲ့ နှစ်ပေါင်း ၄၀ အတွင်းမှာ တစ်ခါမှ ထိခိုက်မိတာမျိုး လုံးဝမရှိဘူးလို့ ဆိုပါတယ်။ သူဆီလာကြတဲ့သူ အတော်များများက အသက် ၃၀ ကျော်တွေ ဖြစ်ပြီး သူဒီလို ခြစ်ထုတ်ရှင်းလင်းပြီးတာနဲ့ သူတို့ရဲ့ အမြင်အာရုံတွေ ပိုမိုကြည်လင်သွားတယ်လို့ ဆိုပါတယ်။


ပရိသတ်ကြီးရော မျက်လုံးတွေ ယားနေပါပြီလား...။
 



Follow us on