1. Home
  2. Special or Others

ကားပေါ်မှာ အမျိုးသမီးခြေသလုံးသားကို မ​ဖွယ်မရာနဲ့ပွတ်တဲ့ အမျိုးသားဖမ်းဆီးခံရ (ရုပ်သံ)

Special or Others ก.ย. 11, 2560 view 2,759

တရုပ်နိုင်ငံ ဟန်နန်ပြည်နယ်ရှိ လိုရန်မြို့က ဘတ်စ်ကားလိုင်း တစ်ခုပေါ်တွင် အမျိုးသမီးတစ်ဦး၏ ခြေထောက်ကို သူ၏ဘောင်းဘီခွကြား မဖွယ်မရာနှင့်ပွတ်ကာ မတ်တပ်လိုက်ပါလာသော အမျိုးသားကို အဆိုပါအမျိုးသမီးက တုံ့ပြန်ခဲ့ပြီး ရဲတိုင်ကြားခဲ့သည်။

ကားပေါ်တွင် တပ်ဆင်ထားသော စီစီတီဗီပုံရိပ်အရ ကားအဆင်းအတက် တံခါးနေရာတွင် ထိုင်လျှက် ဖုန်းကို အာရုံစိုက်နေသော အမျိုးသမီး၏ ရှေ့သို့ ကားနောက်ဖက်တွင် ထိုင်နေသော အမျိုးသားက ထလာပြီး ဆင်တော့မည့်ဟန်ဖြင့် အမျိုးသမီး၏ ရှေ့က တိုင်လုံးကို ကိုင်ကာ မတ်တပ်ရပ်နေခဲ့သည်။ ထို့နောက် အမျိုးသမီ:အနီးသို့ တိုးတိုးလာပြီး သူ၏ ဘောင်းဘီခွနေရာနှင့် အမျိုးသမီး၏ ခြေသလုံးသားကို ပွတ်နေချိန်တွင် အမျိုးသမီးက ဒေါသထွက်ကာ ဒူးနှင့် စောင့်တိုက်ခဲ့သည်။

ထို​နောက် ယာဉ်မောင်းကို အကြောင်းကြားကာ ရဲတိုင်ကြားခဲ့သည်။ ရဲများရောက်လာခဲ့ပြီးနောက် အဆိုပါအမျိုးသားအား ဖမ်းဆီးကာ ၅ ရက်ခန့် အရေးယူထိန်းသိမ်းခံခဲ့ရကြောင်း သိရှိရသည်။
 



Follow us on